December 13, 2017

MacBook သုံးစွဲသူများ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အကောင်းဆုံး USB-C Adapter (၉) မျိုး

MacBook သုံးစွဲသူများ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အကောင်းဆုံး USB-C Adapter (၉) မျိုးကို ဗဟုသုတအဖြစ်ကော ဝယ်ယူသုံးစွဲနိုင်ရန်အတွက်ပါ စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

Anker 4-Port USB-C Portable Data Hub
တန်ဖိုး – ၄၅ ဒေါ်လာ
ဒီ hub ကတော့ ကိုယ့်ရဲ့ USB cable အဟောင်း အားလုံးကို laptop မှာ ချိတ်ဆက်ပြီး အချက်အလက် လွှဲပြောင်းခြင်း၊ အားသွင်းခြင်းနဲ့ စွမ်းအင်ရယူခြင်းတို့ကို ပြုလုပ်နိုင်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ USB 3.0 port လေးခုပါဝင်ပြီး အချက်အလက်တွေကို အမြန်နှုန်း 5 Gbps အထိ လွှဲပြောင်းပေးနိုင်ပါတယ်။ မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုများအတွက် gigabit Ethernet port ပါဝင်ပါတယ်။ Hub ရဲ့အရွယ်အစားက ချောကလက်တောင့်တစ်ခု အရွယ်သာရှိပြီး ပေါ့ပါးတာကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။


Anker USB-C to HDMI Adapter
တန်ဖိုး – ၂၄ ဒေါ်လာ
ကိုယ့်ရဲ့ MacBook သစ်ကို monitor ဒါမှမဟုတ် HDTV နဲ့ ချိတ်ဆက်ချင်တယ်ဆိုရင် Anker ရဲ့ dongle ကို ရွေးချယ်နိုင်ပါတယ်။ ဒီ dongle ဟာ Apple ရဲ့ ၆၉ ဒေါ်လာတန် adpater ထက် ဈေးပိုမိုသက်သာပါတယ်။ Adapter က resolution တွေကို 4K အထိ ထောက်ပံ့ပေးနိုင်ပြီး multi-monitor setup တွေနဲ့ အသုံးပြုနိုင်ပါတယ်။


Anker USB-C to USB 3.1 Adapter
တန်ဖိုး – ၁၀ ဒေါ်လာ
Anker ရဲ့ USB-C to USB 3.1 dongle က စမတ်ဖုန်းတွေကို ချိတ်ဆက်အားသွင်းတာ၊ mouse တွေနဲ့ keyboard တွေကို USB-C laptop မှာ ချိတ်ဆက်တာမျိုးတို့အတွက် လျင်မြန်လွယ်ကူစွာပြုလုပ်နိုင်စေပါတယ်။


AUKEY USB-C Type C to USB 3.0 Adapter
တန်ဖိုး – ၁၀ ဒေါ်လာ
အရွယ်သေးငယ်တဲ့ adapter တွေကို ရှာဖွေနေတယ်ဆိုရင်တော့ AUKEY adapter ကို ရွေးချယ်နိုင်ပါတယ်။ ဒီ adapter က အကြမ်းဒဏ်ခံနိုင်သလို ပေါ့ပါးပြီး အရောင်မျိုးစုံနဲ့ ရရှိနိုင်ပါတယ်။ ဒါ့အပြင် USB 2.0 ထက် ဆယ်ဆပိုမိုလျင်မြန်တာကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ သီချင်းတွေကို ရွှေ့ပြောင်းတဲ့အခါ လျင်မြန်လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။


Dell Adapter
တန်ဖိုး – ၅၃ ဒေါ်လာ
Dell ရဲ့ adapter မှ monitor တွေနဲ့ HDTV တွေချိတ်ဆက်မှုအတွက် HDMI adapter တစ်ခု၊ monitor နဲ့ projector အဟောင်းတွေအတွက် VGA adapter တစ်ခုနဲ့ အခြား device အားလုံးအတွက် USB3.0 port တစ်ခု ပါဝင်ပါတယ်။ မြန်နှုန်းမြင့်အင်တာနက်အတွက် Ethernet adapter တစ်ခုလည်း ပါဝင်ပါတယ်။ HDMI port က 4K ဗီဒီယို ထောက်ပံ့ပေးနိုင်ပြီး VGA port ကတော့ အမြင့်ဆုံး 1,600 x 1,200 pixels အထိသာ ထောက်ပံ့ပေးနိုင်ပါတယ်။


Griffin BreakSafe
တန်ဖိုး – ၂၈ ဒေါ်လာ
ဒေါ်လာ ၃၀ အောက်နဲ့ ရရှိနိုင်မယ့် Break Safe က ကိုယ့်ရဲ့ တန်ဖိုးကြီး laptop တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီ power cable က ၆၀ ဝပ်ဖြစ်တဲ့အတွက် ၁၂ လက်မ MacBook ဒါမှမဟုတ် Chromebook Pixel အတွက် လုံလောက်ပါတယ်။ အရွယ်ကြီးတဲ့ MacBook Pro နဲ့လည်း တွဲဖက်သုံးနိုင်ပေမယ့် ဝပ်အား နည်းတာကြောင့် အားသွင်းမှုနှေးကွေးပါတယ်။


Satechi Slim Aluminum Type-C Multi-Port Hub Adapter
တန်ဖိုး – ၆၀ ဒေါ်လာ
Satechi ရဲ့ adapter ကို MacBook နဲ့ လိုက်ဖက်စွာ အသုံးပြုနိုင်ပါတယ်။ အလူမီနီယံနဲ့ ဖန်တီးထားပြီး အရှည် ၄.၃ လက်မသာ ရှိပါတယ်။ အရွယ်သေးငယ်တာကြောင့် အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွင်းသယ်ဆောင်သွားနိုင်ပါတယ်။ USB 3.0 port နှစ်ခု၊ USB-C port တစ်ခုနဲ့ HDMI port တစ်ခု ပါဝင်ပါတယ်။


Satechi Aluminum Multi-Port Adapter
တန်ဖိုး – ၈၀ ဒေါ်လာ
Port အများအပြား လိုအပ်တယ်ဆိုရင်တော့ Satechi Slim ကို ရွေးချယ်နိုင်ပါတယ်။ ဒီ adapter က ဒေါ်လာ ၂၀ ပိုမိုပေမယ့် USB 3.0 port သုံးခု၊ Type C port တစ်ခု၊ HDMI port တစ်ခု၊ Ethernet port တစ်ခုနဲ့ card reader နှစ်ခု ပါဝင်ပါတယ်။ အကြမ်းခံနိုင်တဲ့ အလူမီနီယံဒီဇိုင်းနဲ့ ဖန်တီးထားပြီး MacBook နဲ့ လိုက်ဖက်တဲ့အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။


Unitek USB-C Card Reader
တန်ဖိုး – ၁၇ ဒေါ်လာ
Unitek ရဲ့ အလူမီနီယံ card reader ကတော့ ဓာတ်ပုံဆရာတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ Compact flash card, SD card နဲ့ Micro SD card တွေအတွက် slot တစ်ခုပါဝင်ပြီး လျင်မြန်တဲ့ read, write နဲ့ transrer အမြန်နှုန်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကတ်နှစ်ခုကို တစ်ပြိုင်နက် ဖတ်နိုင်ပါတယ်။

Ref: BestProducts