March 22, 2017

Mac laptop များအတွက် ကိုယ်ပိုင်ချစ်ပ် တစ်မျိုး Apple ဖန်တီးနေဟုဆို

ဘက်ထရီသက်တမ်း မြှင့်တင်ပေးနိုင်မယ့် ချစ်ပ်တစ်မျိုးကို Apple က Mac laptop တွေအတွက် ဖန်တီးနေတယ်လို့ သိရပါတယ်။

Apple အနေနဲ့ လက်ရှိ Intel ချစ်ပ်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် ချစ်ပ်တစ်မျိုးကို Mac laptop တွေအတွက် ဖန်တီးနေတာ ဖြစ်တယ်လို့ Bloomberg က ဖော်ပြခဲ့တာပါ။ T310 လို့ခေါ်ဆိုတဲ့ အဲ့ဒီချစ်ပ်ဟာ 2016 MacBook Pro မှာ Touch Bar ကို ထောက်ပံ့ပေးထားတဲ့ ARM အခြေပြု T1 ချစ်ပ်နဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

Mac laptop တွေအတွက် Apple က ဖန်တီးနေတဲ့ ချစ်ပ်ဟာ ARM အခြေပြုဖြစ်ပြီး ကွန်ပျူတာနဲ့ low-power mode လုပ်ဆောင်ချက်အချို့ကို ကိုင်တွယ်နိုင်တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီချစ်ပ်သစ်တွေကြောင့် MacBook တွေက Apple ရဲ့ ကိုယ်ပိုင်ချစ်ပ်တွေကို အသုံးပြုထားတဲ့ iPhone, iPad တွေနဲ့ ပိုမိုတူလာမယ်လို့လည်း ဆိုပါတယ်။
Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ထင်မြင်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Ref: CNET