June 24, 2017

Mac ပေါ်မှာ Night Shift ကို ဘယ်လိုသုံးမလဲ

macOS Sierra 10.12.4 မှာ Night Shift feature ကို Built-in အနေနဲ့ ထည့်သွင်းပေးထားပါပြီ။ ညပိုင်းတွေမှာ ကွန်ပျူတာ သုံးတဲ့အချိန်မှာ အပြာရောင် အလင်းကြောင့် မျက်စိထိခိုက်ပြီး အိပ်မပျော်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ Night Shift ဟာ ညပိုင်းမှာ ကွန်ပျူတာသုံးစွဲတဲ့အခါ မျက်စိအေးမြပြီး အလုပ်လုပ်နိုင်ရန်အတွက် အထောက်အပံ့ပေးနိုင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ အဆိုပါ feature ဟာ Flux ဆိုတဲ့ဆော့ဖ်ဝဲနဲ့ အလုပ်လုပ်ဆောင်ပုံခြင်း ဆင်တူပါတယ်။

Night Shift ကို အသုံးပြုနိုင်မယ့် Mac ကွန်ပျူတာတွေနဲ့ display တွေကတော့ MacBook (Early 2015 or newer), MacBook Air (Mid 2012 or newer), MacBook Pro (Mid 2012 or newer), Mac mini (Late 2012 or newer), iMac (Late 2012 or newer), Mac Pro (Late 2013 or newer), Apple LED Cinema Display, Apple Thunderbolt Display
တိှု့ဖြစ်ပြီး macOS Sierra 10.12.4 ကို update ပြုလုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Night Shift ကို အသုံးပြုဖို့အတွက် ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ Notification Center ကို နှိပ်ပြီး Night Shift ကို On/ Off ပြုလုပ်နိုင်ပါတယ်။

Night Shift ကို schedule နဲ့ သုံးစွဲဖို့အတွက် Apple menu ကို နှိပ်ပါ။ ပြီးရင် System Preferences ဆိုတဲ့ အထဲက Display ဆိုတာကို ရွေးရပါမယ်။ Display ထဲကိုရောက်ရင် Night Shift ဆိုတဲ့ tab ကို နှိပ်ပြီး Manual ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး schedule ဆိုတဲ့နေရာမှာ သတ်မှတ် နိုင်ပြီဖြစ်ပါတယ်။

တကယ်လို့ schedule နဲ့ မလုပ်ဘဲ manual အဖွင့်အပိတ် လုပ်ချင်တယ်ဆိုရင် Notification Center ကနေ Night Shift toggle ကို On/ Off လုပ်နိုင်ပါတယ်။

-သီဟ
Tags: Mac

//ambient pc code