Mac မလိုဘဲ Windows ပေါ်မှာ iOS app ဖန်တီးနိုင်မယ့် Xamarin Live Player preview ကို Microsoft ဖြန့်ချိ

Mac မလိုဘဲ Visual Studio သုံးနေတဲ့ Windows PC ပေါ်မှာ iOS app တွေကို deploy, run, test, debug လုပ်နိုင်မယ့် Xamarin Live Player preview version ကို Microsoft က ဖြန့်ချိပေးလိုက်ပါတယ်။

ဒီအပြောင်းအလဲဟာ cross-platform ဖွံ့ဖြိုးတိုးတက်မှုအတွက် Windows 10 ကို သင့်လျော်တဲ့ operating system အဖြစ် ရည်မှန်းထားတဲ့ Microsoft အတွက် ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို enable လုပ်ဖို့အတွက် developer တွေက iOS device ပေါ်မှာ Xamarin Live Player app ကို install လုပ်ရပါမယ်။ ပြီးရင် screen ပေါ်က QR code ကို scan လုပ်ပြီး PC နဲ့ ချိတ်ရမှာ ဖြစ်ပါတယ်။

Live Player preview ကို Visual Studio 2017 နဲ့ Visual Studio for Mac အတွက် extension တစ်ခုအနေနဲ့ ဖြန့်ချိထားပါတယ်။ ဒါ့အပြင် Android နဲ့ iOS အတွက် Live Player app ကိုလည်း Google Play Store နဲ့ Apple App Store တို့ကနေ ရယူနိုင်တယ်လို့ သိရပါတယ်။

Ref: TechCrunch