Lossless Photo Squeezer (Mac)

$ 14.99 == > Free (Limited Time)

ဓာတ်ပုံတစ်ပုံကို အရည်အသွေး မကျစေဘဲ jpeg, png, gif အစရှိတဲ့ file format ကို ပြောင်းပေးနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ဖိုင်အရွယ်အစားကြီးမားတဲ့ ဓာတ်ပုံတွေကို ဖိုင်အရွယ်အစား လျော့နည်းပြီး ဓာတ်ပုံအရည်အသွေးလည်း မကျစေဖို့အတွက် ပြုလုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

အရင်က ဒီဆော့ဖ်ဝဲကို Mac App Store မှာ ကန်ဒေါ်လာ ၁၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်ပေမယ့် အခုအခါမှာ အချိန်အကန့်အသတ်နဲ့ အခမဲ့ ရယူနိုင်ပါတယ်။ Mac OS X 10.6.4 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်