July 15, 2018

LG Gram

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၅၅ဝ

အားသာခ်က္

ေပါ့ပါးပါးလႊားတဲ့ Laptop ျဖစ္သလုိ အေရာင္အေသြး စုံလင္လွတဲ့ Display ကို ပါးလႊာတဲ့ေဘာင္ဒီဇုိင္းနဲ႔ ဖန္တီးထားတာ သေဘာက်စရာပါ။ အသံထြက္ပိုင္းကိုလည္း စိတ္ႀကိဳက္ခ်ိန္ညႇိႏုိင္မွာ ျဖစ္တဲ့အျပင္ ကီးဘုတ္ကလည္း အသုံးျပဳရတာ သက္ေသာင့္သက္သာ ရွိလွတာနဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

ဒီဇုိင္းပိုင္းကေတာ့ ဒီထက္ပိုၿပီး ဆြဲေဆာင္မႈရွိရင္ ပိုေကာင္းမယ္လို႔ ျမင္ပါတယ္။ Display Touch-screen ကိုအသုံးျပဳတုိင္း Laptop ရဲ႕ Lid က အနည္းငယ္တုန္တာက ဒီ laptop ရဲ႕အားနည္းခ်က္လုိ႔ဆိုရမွာပါ။ စြမ္းေဆာင္ရည္ပုိင္းကလည္း ပုံမွန္အရည္အေသြးမွာ ရွိေပမယ့္ ေစ်းႏႈန္းပိုင္းႀကီးျမင့္တာကလည္း ဝယ္ယူမယ့္အခါမွာ ထည့္သြင္းစဥ္းစားသင့္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။

သုံးသပ္ခ်က္

LG Gram က Ultra portable အမ်ဳိးအစားျဖစ္တဲ့အတုိင္း သြားေလရာ ယူေဆာင္သြားႏုိင္ဖုိ႔အတြက္ အထူးေပါ့ပါးတဲ့ ၁၄ လက္မ အရြယ္အစား Laptop တစ္လုံးျဖစ္ပါတယ္။ အရည္အေသြးျမင့္မားလွတဲ့ Display၊ အဆင့္ျမင့္အသံထြက္နဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက သေဘာက်စရာ ေကာင္းလွေပမယ့္ စြမ္းေဆာင္ရည္ပိုင္းက ပံုမွန္ရွိသင့္တာထက္ ပိုေကာင္းမယ္ဆိုရင္ေတာ့ ေစ်းႏႈန္းတူ ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ အေကာင္းဆုံးယွဥ္ၿပိဳင္ႏုိင္မယ့္ Laptop လို႔ျမင္ပါတယ္။ သူ႔ေစ်းႏႈန္းအရဆိုရင္ေတာ့ ပိုၿပီးဂရပ္ဖစ္ပိုင္း ပိုေကာင္းတဲ့ Huawei MateBook X Pro ကို ကန္ေဒၚလာ ၁၅ဝဝ ဝန္းက်င္နဲ႔ ရရွိႏုိင္မွာျဖစ္ပါတယ္။ Touch screen ကအသုံးျပဳရတာ ေကာင္းမြန္ေပမယ့္ Laptop lid က လႈပ္ေနတာက သုံးရတာစိတ္ေက်နပ္စရာသိပ္ မေကာင္းလွေပမယ့္ မာတီမီဒီယာပိုင္းကို အဓိကထားသုံးမယ္သူေတြအေနနဲ႔ ဘက္ထရီသက္တမ္း ၾကာၾကာန႔ဲ အသုံးျပဳႏုိင္တဲ့ LG Gram က ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၄ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိေထာက္ပံ့ေပးႏုိင္တဲ့ IPS Touch panel အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 1.8GHz ရွိတဲ့ Intel Core i7-8550U processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB SSD ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 620 GPU ေထာက္ပံ့ပါဝင္ပါဝင္ၿပီး တုံ႔ျပန္မႈေကာင္းမြန္လွတဲ့အျပင္ Multitouch gesture စနစ္ေထာက္ပံ့ပါဝင္တဲ့ Touchpad က ၄.ဝx၂.၆ လက္မ အရြယ္အစားရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.1၊ microSD ေပါက္၊ USB Type C၊ USB 3.0 ေပါက္နဲ႔ HDMI
ေပါက္ေတြပါ၀င္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brightness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၁ဝ နာရီနဲ႔ ၄၆ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ဝ.၉၉ ကီလိုဂရမ္ (၂.၁၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၅၅ဝ

အားသာချက်

ပေါ့ပါးပါးလွှားတဲ့ Laptop ဖြစ်သလို အရောင်အသွေး စုံလင်လှတဲ့ Display ကို ပါးလွှာတဲ့ဘောင်ဒီဇိုင်းနဲ့ ဖန်တီးထားတာ သဘောကျစရာပါ။ အသံထွက်ပိုင်းကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်မှာ ဖြစ်တဲ့အပြင် ကီးဘုတ်ကလည်း အသုံးပြုရတာ သက်သောင့်သက်သာ ရှိလှတာနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဒီဇိုင်းပိုင်းကတော့ ဒီထက်ပိုပြီး ဆွဲဆောင်မှုရှိရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ Display Touch-screen ကိုအသုံးပြုတိုင်း Laptop ရဲ့ Lid က အနည်းငယ်တုန်တာက ဒီ laptop ရဲ့အားနည်းချက်လို့ဆိုရမှာပါ။ စွမ်းဆောင်ရည်ပိုင်းကလည်း ပုံမှန်အရည်အသွေးမှာ ရှိပေမယ့် စျေးနှုန်းပိုင်းကြီးမြင့်တာကလည်း ဝယ်ယူမယ့်အခါမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

သုံးသပ်ချက်

LG Gram က Ultra portable အမျိုးအစားဖြစ်တဲ့အတိုင်း သွားလေရာ ယူဆောင်သွားနိုင်ဖို့အတွက် အထူးပေါ့ပါးတဲ့ ၁၄ လက်မ အရွယ်အစား Laptop တစ်လုံးဖြစ်ပါတယ်။ အရည်အသွေးမြင့်မားလှတဲ့ Display၊ အဆင့်မြင့်အသံထွက်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက သဘောကျစရာ ကောင်းလှပေမယ့် စွမ်းဆောင်ရည်ပိုင်းက ပုံမှန်ရှိသင့်တာထက် ပိုကောင်းမယ်ဆိုရင်တော့ စျေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် Laptop လို့မြင်ပါတယ်။ သူ့စျေးနှုန်းအရဆိုရင်တော့ ပိုပြီးဂရပ်ဖစ်ပိုင်း ပိုကောင်းတဲ့ Huawei MateBook X Pro ကို ကန်ဒေါ်လာ ၁၅ဝဝ ဝန်းကျင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ Touch screen ကအသုံးပြုရတာ ကောင်းမွန်ပေမယ့် Laptop lid က လှုပ်နေတာက သုံးရတာစိတ်ကျေနပ်စရာသိပ် မကောင်းလှပေမယ့် မာတီမီဒီယာပိုင်းကို အဓိကထားသုံးမယ်သူတွေအနေနဲ့ ဘက်ထရီသက်တမ်း ကြာကြာနဲ့ အသုံးပြုနိုင်တဲ့ LG Gram က ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိထောက်ပံ့ပေးနိုင်တဲ့ IPS Touch panel အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 1.8GHz ရှိတဲ့ Intel Core i7-8550U processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB SSD ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 620 GPU ထောက်ပံ့ပါဝင်ပါဝင်ပြီး တုံ့ပြန်မှုကောင်းမွန်လှတဲ့အပြင် Multitouch gesture စနစ်ထောက်ပံ့ပါဝင်တဲ့ Touchpad က ၄.ဝx၂.၆ လက်မ အရွယ်အစားရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.1၊ microSD ပေါက်၊ USB Type C၊ USB 3.0 ပေါက်နဲ့ HDMI
ပေါက်တွေပါ၀င်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brightness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁ဝ နာရီနဲ့ ၄၆ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ဝ.၉၉ ကီလိုဂရမ် (၂.၁၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com