October 21, 2017

Lenovo Yoga Book (Android)

တန်ဖိုး – ကန်ဒေါ်လာ ၄၉၉

အားသာချက်

မျက်စိကို ဖမ်းစားနိုင်တဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး အသံနဲ့ဗီဒီယိုတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ကြည့်ရှုနိုင်တာက ဒီ tablet ရဲ့အားသာချက် တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာ အရည်အသွေးက နိမ့်ကျပြီး Flat keyboard ဟာ စတင်သုံးစွဲချိန်မှာ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက် ပါတယ်။

သုံးသပ်ချက်

Android OS ကိုအသုံးပြုထားပြီး Wacom touchpad နဲ့ထုတ်လုပ်ထားတဲ့ Lenovo Yoga Book tablet ဟာ မှတ်စုများကို အမြန်လိုက်မှတ် တတ်သူတွေ အတွက်တော့ အသုံးဝင်မယ့် tablet ဖြစ်ပါတယ်။ Keyboard ပါဝင်တာကြောင့် Laptop ကဲ့သို့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom x5-Z8550 Processor ကို အသုံးပြုထားပြီး Pro-cessor မြန်နှုန်းကတော့ 2.4 GHz ရှိမှာဖြစ်ပါတယ်။ RAM 4 GB  ပါဝင်မှာဖြစ်ပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64 GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 6.0 ကိုအသုံးပြုထားပါတယ်။ Resolution ကတော့ 1920 x 1200 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၁၀.၁ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ အနောက်ဘက် ကင်မရာဟာ 8 Megapixels ရှိမှာဖြစ်ပြီး အရှေ့ဘက်ကင်မရာဟာ 2 Megapixels သာ ရှိမှာဖြစ်မှာ ဖြစ်ပါတယ်။ Storage များများသုံးစွဲ ချင်တယ်ဆိုရင်တော့ MicroSD Card ကိုထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ သိပ်သည်းဆကတော့ 8500 mAh ရှိမှာဖြစ်ပြီး တောက်လျှောက် အသုံးပြုမယ်ဆိုရင် ၅ နာရီကျော်ခန့် အသုံးပြုနိုင်ပါတယ်။

ဒီဇိုင်း

Lenovo Yoga Book (Android) ဟာ သပ်ရပ်လှပတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး Laptop ကို keyboard ကပ်ပြီး ပိတ်လိုက်တဲ့အခါမှာလည်း ပါးလွှာတာကို တွေ့မြင်ရပါလိမ့်မယ်။ Keyboard တွေဟာ touch key တွေနဲ့ ပြုလုပ်ထားပြီး vibrate လည်းပါဝင်ပါတယ်။ USB Type C, Micro HDMI port တွေကို tablet ရဲ့ ဘယ်ဘက်အခြမ်းမှာ တပ်ဆင်ပေးထားပါတယ်။ ညာဘက်အခြမ်းမှာတော့ power button, volume buttom တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

Ref: pcmag