November 17, 2017

Lenovo Yoga 920

အားသာချက်

ဘက်ထရီနဲ့ကို အချိန်ကြာကြာ အသုံးပြုနိုင်တာက သဘောကျစရာပါ။ တောက်ပပြီး ကာလာပိုင်းစိုပြေလှတဲ့ Display အပြင် သေသပ်လှပတဲ့ ဒီဇိုင်းကလည်း ဆွဲဆောင်မှု ရှိလှပါတယ်။ မိုက်က ရိုဖုန်းစနစ်ကလည်း အတော်ကွာဝေးတဲ့ အနေအထားကနေ အသုံးပြုနိုင်မှာဖြစ်ပြီး Stylus Pen စနစ် ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ကီးဘုတ်က ရှိသင့်တဲ့ အရွယ်အစားရှိပေမယ့် ကိုယ်ထည်ထဲကို မသိမသာ ပိုဝင်နေတဲ့အတွက် ရိုက်ရတာ ကီးဘုတ်က ကိုယ်ထည်နဲ့ တအားကပ်နေတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Ultarportable အမျိုးအစားဖြစ်တဲ့အပြင် 2-in-1 အနေနဲ့ပါ အသုံးပြုနိုင်တဲ့ Yoga 920 က လုပ်ငန်းခွင်မှာ စတိုင်ကျကျနဲ့ လုပ်ငန်းဆောင်တာတွေကို ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ ကာလာပိုင်း
တောက်ပတဲ့ Screen နဲ့ 8th Gen Core စွမ်းဆောင်ရည်က စိတ်ကျေနပ်စရာ ကောင်းလှသလို ဘက်ထရီကြာကြာ သုံးနိုင်တာကလည်း သဘောကျစရာပါ။ ကီးဘုတ်က အသုံးပြု ရတာ အနည်းငယ် တိမ်ဝင်သလို ခံစားရနေတာကလွဲရင် ပရီမီယံအရည်အသွေး 2-in-1 အမျိုးအစား Laptop ကို အသုံးပြုချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအရွယ်အစားက ၁၃.၉ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို အမြင့်ဆုံး 3840×2160 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ Display က Touch screen အမျိုးအစားဖြစ်ပါတယ်။ Intel 8th Gen Core i7-8550U CPU ကို အသုံးပြုထားပြီး RAM 8GB ရှိတဲ့အပြင် 16GB ထိ ထပ်မံ တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်သို လှောင်မှုအနေနဲ့ 256 GB SSD (NVMe PCIe) ပမာဏရှိပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ပါဝင်ပြီး 3DMark Ice Storm Unlimited ကို ရမှတ် ၈၆,၂၆၇ ထိရရှိတာက ပုံမှန်ထက်ပိုများတဲ့အပြင် ဂရပ်ဖစ်စနစ်က ဗီဒီယို playback အတွက်လည်း လုံလောက်မှု ရှိလှပါတယ်။ ဒီ Laptop မှာပါဝင်တဲ့ Lenovo Active Pen 2 Stylus ကလည်း Laptop ကို ပုံဆွဲတဲ့ device အနေနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် မှတ်စုရေးသားခြင်း၊ လက်မှတ်ထိုးခြင်းတွေကို ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အသံပိုင်းကလည်း ကြည်လင်ပြတ်သားမှု ရှိတဲ့အပြင် သင့်တော်တဲ့ အသံကျယ်လောင်မှု ရှိပါတယ်။ အသံကို သီချင်းနားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း တစ်မျိုးစီအတွက် ချိန်ညှိနိုင်တဲ့ App စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဘက်ထရီနဲ့ကို ၁၂ နာရီ နဲ့ ၂၂ မိနစ်ခန့် အသုံးပြုနိုင်တာက အပြင်သွားရင် အားသွင်းကြိုးကို အိမ်မှာထားခဲ့လို့ရမှာ ဖြစ်ပါတယ်။ WiFi 802.11ac ၊ Bluetooth 4.1 ထောက်ပံ့ပါဝင်ပြီး Thunder-bolt 3 ပေါက်၊ USB ပေါက် ၃ ပေါက်၊ HDMI ပေါက်၊ နားကြပ်ပေါက်တွေ ဘေးဘောင် တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်က တော့ ၃.ဝ၅ ပေါင် ရှိမှာဖြစ်ပါတယ်။

-သီဟ
Ref : www.laptopmag.com