June 23, 2018

Lenovo ThinkPad X1 Carbon

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၇၈၉

အားသာခ်က္

HDR Display က အထူး ေကာင္းမြန္လွသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာ ကလည္း သေဘာက်စရာပါ။ ကီးဘုတ္ကလည္း အေကာင္းဆုံးေတြထဲက တစ္ခုျဖစ္လုိ႔ ေပါ့ပါးတဲ့ အေလးခ်ိန္နဲ႔ ဆဲြေဆာင္မႈရွိလွတဲ့ ဒီဇုိင္းေတြက ဒီ Laptop ရဲ႕ အား သာခ်က္ေတြပဲျဖစ္ပါတယ္။

အားနည္းခ်က္

အသံပိုင္းအနည္းငယ္တုိး တယ္လို႔ခံစားရပါတယ္။ 720p အမ်ဳိးအစား Webcam က ဓာတ္ပုံ႐ိုက္တာေတြအတြက္ေတာ့ သိပ္အေကာင္းႀကီး မဟုတ္လွပါဘူး။

သုံးသပ္ခ်က္

စြမ္းေဆာင္ရည္ျမင့္လွတဲ့ လုပ္ငန္းသုံး Ultrabook တစ္လုံး ျဖစ္တဲ့ ThinkPad X1 Carbon က ဒီဇုိင္းပိုင္းလွပသလို စာ႐ိုက္ဖို႔အတြက္လည္း ကီးဘုတ္စနစ္က ေကာင္းမြန္လွပါတယ္။ Screen ပိုင္းလည္း ေတာက္ပစိုျပည္ ေကာင္းမြန္လွသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာက သြားေလရာယူေဆာင္သြား ႏုိင္တဲ့ စီးပြားေရးလုပ္ငန္းသုံး Laptop ကို ကိုင္ခ်င္သူေတြအတြက္ အထူးသင့္ေလ်ာ္ လွပါတယ္။

ဒီ ThinkPad X1 ကို Core i7-8650U CPU, 2560×1440 touch screen, 16GB RAM, 512GB SSD နဲ႔ Facial recognition အတြက္ IR ကင္မရာတပ္ဆင္ထားတဲ့ ေမာ္ ဒယ္ဆိုရင္ေတာ့ ကန္ေဒၚလာ ၂၂၆၉ က်သင့္မွာျဖစ္ပါတယ္။ ကန္ေဒၚလာ ၂၅၇၉ တန္ေမာ္ဒယ္ကေတာ့ high-end 2560×1440 Dolyby Vision HDR screen ၊ 1TB SSD, Core i7-860U CPU, 16GB RAM နဲ႔ ပုံမွန္ Webcam နဲ႔အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

Touchscreen panel ရဲ႕ ျမင္ကြင္းအက်ယ္ကေတာ့ ၁၄ လက္မရွိၿပီး ႐ုပ္ထြက္အရည္ အေသြးကို 1920x1080p ထိ ေထာက္ပံ့ေပးႏုိင္တဲ့ IPS screen Display ကို အသုံးျပဳထားပါတယ္။ 6th Gen Intel Core i5-8250U CPU ကို အသုံးျပဳ ထားၿပီး 4MB ထိ Cashe ကို ရရွိႏုိင္မွာျဖစ္ပါတယ္။ RAM 8GB DDR4 နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈ ကေတာ့ 512GB NVMe PCIe SSD ကို တပ္ဆင္ထားပါတယ္။ ဂရပ္ ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 620 ေထာက္ပံ့ ပါဝင္ပါတယ္။ WiFi 802.11ac ေထာက္ပံ့ပါဝင္ၿပီး Bluetooth 4.1 စနစ္ ေထာက္ပံ့ပါဝင္ပါတယ္။ HDMI ေပါက္၊ microSD card ေပါက္၊ Thunderbolt 3.0၊ USB 2.0 ေပါက္နဲ႔ USB
Type-A ေပါက္ေတြ ပါ၀င္ပါ တယ္။ ဒီ Laptop ရဲ႕ ဘက္ထရီက တစ္ေန႔တာအလုပ္လုပ္ဖို႔နဲ႔ အြန္လိုင္းကေန ဗီဒီယုိေတြ ၾကည့္႐ႈဖို႔အတြက္ ေကာင္းမြန္လွပါတယ္။

အြန္လိုင္းကေန 720p ဗီဒီယုိကို stream လုပ္ၿပီး ၾကည့္႐ႈတာကို ၁၁ နာရီနဲ႔ ဝ၁ မိနစ္ခန္႔ ၾကည့္႐ႈႏုိင္ပါတယ္။ အေလးခ်ိန္ ကေတာ့ ၁.၄ ကီလိုဂရမ္ (၂.၄၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

– ရဲထြဋ္ဝင္း

===================

[ Unicode ]

Lenovo ThinkPad X1 Carbon

===================

တန်ဖိုး – ကန်ဒေါ်လာ ၁၇၈၉

အားသာချက်

HDR Display က အထူး ကောင်းမွန်လှသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာ ကလည်း သဘောကျစရာပါ။ ကီးဘုတ်ကလည်း အကောင်းဆုံးတွေထဲက တစ်ခုဖြစ်လို့ ပေါ့ပါးတဲ့ အလေးချိန်နဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဒီဇိုင်းတွေက ဒီ Laptop ရဲ့ အား သာချက်တွေပဲဖြစ်ပါတယ်။

အားနည်းချက်

အသံပိုင်းအနည်းငယ်တိုး တယ်လို့ခံစားရပါတယ်။ 720p အမျိုးအစား Webcam က ဓာတ်ပုံရိုက်တာတွေအတွက်တော့ သိပ်အကောင်းကြီး မဟုတ်လှပါဘူး။

သုံးသပ်ချက်

စွမ်းဆောင်ရည်မြင့်လှတဲ့ လုပ်ငန်းသုံး Ultrabook တစ်လုံး ဖြစ်တဲ့ ThinkPad X1 Carbon က ဒီဇိုင်းပိုင်းလှပသလို စာရိုက်ဖို့အတွက်လည်း ကီးဘုတ်စနစ်က ကောင်းမွန်လှပါတယ်။ Screen ပိုင်းလည်း တောက်ပစိုပြည် ကောင်းမွန်လှသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာက သွားလေရာယူဆောင်သွား နိုင်တဲ့ စီးပွားရေးလုပ်ငန်းသုံး Laptop ကို ကိုင်ချင်သူတွေအတွက် အထူးသင့်လျော် လှပါတယ်။

ဒီ ThinkPad X1 ကို Core i7-8650U CPU, 2560×1440 touch screen, 16GB RAM, 512GB SSD နဲ့ Facial recognition အတွက် IR ကင်မရာတပ်ဆင်ထားတဲ့ မော် ဒယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၂၆၉ ကျသင့်မှာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၂၅၇၉ တန်မော်ဒယ်ကတော့ high-end 2560×1440 Dolyby Vision HDR screen ၊ 1TB SSD, Core i7-860U CPU, 16GB RAM နဲ့ ပုံမှန် Webcam နဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Touchscreen panel ရဲ့ မြင်ကွင်းအကျယ်ကတော့ ၁၄ လက်မရှိပြီး ရုပ်ထွက်အရည် အသွေးကို 1920x1080p ထိ ထောက်ပံ့ပေးနိုင်တဲ့ IPS screen Display ကို အသုံးပြုထားပါတယ်။ 6th Gen Intel Core i5-8250U CPU ကို အသုံးပြု ထားပြီး 4MB ထိ Cashe ကို ရရှိနိုင်မှာဖြစ်ပါတယ်။ RAM 8GB DDR4 နဲ့ အချက်အလက်သိုလှောင်နိုင်မှု ကတော့ 512GB NVMe PCIe SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ် ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ ပါဝင်ပါတယ်။ WiFi 802.11ac ထောက်ပံ့ပါဝင်ပြီး Bluetooth 4.1 စနစ် ထောက်ပံ့ပါဝင်ပါတယ်။ HDMI ပေါက်၊ microSD card ပေါက်၊ Thunderbolt 3.0၊ USB 2.0 ပေါက်နဲ့ USB Type-A ပေါက်တွေ ပါ၀င်ပါ တယ်။ ဒီ Laptop ရဲ့ ဘက်ထရီက တစ်နေ့တာအလုပ်လုပ်ဖို့နဲ့ အွန်လိုင်းကနေ ဗီဒီယိုတွေ ကြည့်ရှုဖို့အတွက် ကောင်းမွန်လှပါတယ်။

အွန်လိုင်းကနေ 720p ဗီဒီယိုကို stream လုပ်ပြီး ကြည့်ရှုတာကို ၁၁ နာရီနဲ့ ဝ၁ မိနစ်ခန့် ကြည့်ရှုနိုင်ပါတယ်။ အလေးချိန် ကတော့ ၁.၄ ကီလိုဂရမ် (၂.၄၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com

– ရဲထွဋ်ဝင်း