June 26, 2017

Lenovo Miix 510

တန်ဖိုး – ကန်ဒေါ်လာ ၅၉၉.၉၉

အားသာချက်

ခေါက်ပြီးသိမ်းထားနိုင်မယ့် Kickstand ပါတဲ့အတွက် သယ်ဆောင်သွားရာမှာ Laptop တစ်လုံးလို သယ်သွားနိုင်ပါတယ်။ USBPort C ပါဝင်မှာဖြစ်ပြီး ဘေးဘောင်မှာ pen ကိုချိတ်တွဲ ထားနိုင်ဖို့အတွက် ပြုလုပ်ပေးထားပါတယ်။

အားနည်းချက်

ထည့်သွင်းတပ်ဆင်ထားတဲ့ ပန်ကာအသံဟာ အနည်းငယ် ကျယ်လောင်တာက တိတ်ဆိတ်စွာ သုံးစွဲနေတဲ့အချိန်မျိုးဆိုရင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ Active Pen ကိုသုံးစွဲမယ်ဆိုရင် နောက်ထပ် ကန်ဒေါ်လာ ၄၀ အပို ကုန်ကျနိုင်မှာဖြစ်ပြီး ညာဘက်အခြမ်းက Shift key ကလည်းသေးငယ်တာက ဒီ tablet ရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဒီ tablet ဟာ သယ်ဆောင်ရ လွယ်ကူတာနဲ့ လုပ်ဆောင်နိုင်စွမ်းအား ကောင်းမွန်မှုတွေကြောင့် ခရီးသွားလာ နေသူတွေအတွက်တော့ အသုံးဝင်မယ့် tablet ဖြစ်ပါတယ်။ Tablet အနေနဲ့သာမက laptop အနေနဲ့ပါ သုံးစွဲနိုင်ဖို့ စီစဉ်ပေးထားတာကြောင့် လုပ်ငန်းသုံးမယ် ဆိုရင်လည်း သင့်တော်တဲ့ tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core i5 processor ကို အသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 2.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 8 GB  ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB ပမာဏရှိတဲ့ SSD Drive ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Windows 10 Home ကို အသုံးပြုထားတာပါ။ Screen အရွယ်အစားမှာ ၁၂.၂ လက်မရှိပြီး Screen Resolution ကတော့ 1920 x 1200 resolution ဖြစ်ပါတယ်။ Graphic ပိုင်းအတွက် Intel HD 520 graphic ကိုအသုံးပြုထားပြီး USB Type C, USB 3.0 တို့နဲ့အတူ Bluetooth 4.0 ကိုပါ ထည့်သွင်းပေးထား ပါတယ်။

ဒီဇိုင်း

ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ပြုလုပ်ပေးထားပြီး အနောက်ဘက်မှာ ထည့်သွင်းထားတဲ့ kickstand ကလည်း ခေါက်ထားပြီး သယ်ယူသွားနိုင်ပါတယ်။ Keyboard မှာလည်း backlit ပါဝင်မှာဖြစ်ပါတယ်။ Power button နဲ့ volume button တွေကို tablet ရဲ့ ညာဘက်အခြမ်းမှာ တွေ့မြင်ရမှာဖြစ်ပြီး ဘယ်ဘက်အခြမ်းမှာတော့ USB 3.0 နဲ့ USB Type C ကိုတွေ့မြင်ရပါလိမ့်မယ်။

-Ref: CNET

//ambient pc code