December 12, 2017

Lenovo IdeaPad 120S (11.1 inch)

တန်ဖိုး – ကန်ဒေါ်လာ ၂၁၉.၉၉

အားသာချက်

တန်ဖိုးသင့်တင့်မှုရှိပြီး တောက်ပတဲ့ Display က သဘောကျစရာပါ။ တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ဘက်ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည်ပိုင်းက ပေးရတဲ့တန်ဖိုးနဲ့ သုံးရတာတန်တယ်လို့ ပြောရမှာပါ။

အားနည်းချက်

အသံပိုင်းထွက်ပိုင်းကတော့ အနည်းငယ် အားနည်းတယ်လို့ မြင်ပါတယ်။ နောက်ပြီး Candy Crush Soda Saga လိုမျိုး Windows ဂိမ်း ၊ အွန်လိုင်းဂိမ်း တွေလောက်သာဆော့နိုင်မှာဖြစ် ပြီး တစ်ခြားဂိမ်းတွေတော့ ထည့်သွင်းကစားနိုင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဈေးနဲ့ထုတ်လုပ်ထားတဲ့ ဒီ Laptop က ဘတ်ဂျတ် Laptop အမျိုးအစားဖြစ်ပေမယ့် တောက်ပတဲ့ မြင်ကွင်း၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ စပီကာပိုင်း အသံထွက်ပိုင်းအနည်းငယ် အားနည်းတာကလွဲရင် တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ဘက်ထရီသက်တမ်း၊ သင့်တင့်မျှတဲ့ တန်ဖိုးရှိတဲ့ ဒီ Laptop က ပေးရတဲ့တန်ဖိုးနဲ့ သုံးရတာတန်တယ်လို့ ပြောရမှာဖြစ် ပါတယ်။

အသေးစိတ်ဖော်ပြချက်

IdeaPad 120S ရဲ့ မြင်ကွင်း အကျယ်ကတော့ ၁၁.၁ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Celeron N3350 processor ကို အသုံးပြုထားပြီး RAM 2GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB (eMMC) HDD ပါဝင်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD ဂရပ်ဖစ် ထောက်ပံ့ပါဝင်ပြီး ဒီ Laptop ဘက်ထရီက အွန်လိုင်းအသုံးပြုမှုကို ၈ နာရီနဲ့ ၃၅ မိနစ်ခန့် အသုံးပြုနိုင်တာက တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ပမာဏလို့ ဆိုရမှာပါ။ WiFi 802.11 a/b/g/n/ac ၊ Bluetooth 4.1 စနစ်၊ SD ကတ်ပေါက်၊ USB 3.0 ပေါက်၊ USB 2.0 ပေါက်၊ နားကြပ်ပေါက်၊ USB Type-C ပေါက်တွေ ကိုယ်ထည်ရဲ့ ဘေးဘောင်တစ်ဘက် တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၂.၄ ပေါင်ရှိမှာ ဖြစ်ပါတယ်။

-Ref: www.laptopmag.com