June 24, 2018

Lenovo 500e Chromebook

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၉ဝ.ဝ၃

အားသာခ်က္

အၾကမ္းခံၿပီး သဘာဝပတ္၀န္းက်င္ဆုိင္ရာစမ္းသပ္မႈတစ္ခုျဖစ္တဲ့ MIL-STD-810G စမ္းသပ္ၿပီးသား ထုတ္ကုန္ျဖစ္တာေတြက သေဘာက်စရာပါ။ ေရဖိတ္စဥ္ဒဏ္ခံႏုိင္တဲ့ကီးဘုတ္ကို အသုံးျပဳထားၿပီး ဘက္ထရီနဲ႔ကို ပုံမွန္သုံးႏုိင္တဲ့ၾကာခ်ိန္ရဲ႕အထက္ အသုံးျပဳႏုိင္မွာျဖစ္ၿပီး အသံထြက္ပိုင္းေကာင္းမြန္လွတဲ့အျပင္ သင့္တင့္တဲ့ကာလာ Display အမ်ဳိးအစားကိုအသုံးျပဳထားပါတယ္။

အားနည္းခ်က္

ဒီဇုိင္းပိုင္းကေတာ့ သိပ္အလွႀကီး မဟုတ္လွပါဘူး။ ေနာက္ၿပီး ကီးဘုတ္နဲ႔ touchpad ကေတာ့ အသုံးျပဳရတာ သိပ္ၿပီးသက္ေသာင့္သက္သာ ရွိလွတယ္လုိ႔ မခံစားရပါဘူး။ ေနာက္ၿပီး Display ကေတာ့ ၾကည့္ရတာအနည္းငယ္ မိွန္မွိန္ႀကီးျဖစ္ေနတယ္လုိ႔ ဆိုရမွာပါ။

သုံးသပ္ခ်က္

Lenovo 500e Chromebook က အၾကမ္းခံတဲ့ Touch-screen Laptop ျဖစ္တဲ့အျပင္ ဘက္ထရီနဲ႔ကို အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက သေဘာက်စရာပါ။ Touch pen လည္းတစ္ပါတည္း ပါဝင္တာေတြက ပိုက္ဆံထပ္ကုန္စရာမလိုဘဲ အသုံးျပဳႏုိင္ေစမွာ ျဖစ္ပါတယ္။ အေရာင္အေသြး ေကာင္းမြန္လွတဲ့ Display က ၾကည့္ရတာ အနည္းငယ္မွိန္ၿပီး ဒီဇုိင္းပိုင္း သိပ္ဆြဲေဆာင္ မရွိလွတာကလြဲရင္ လူတုိင္းအတြက္ သင့္တင့္တဲ့ေစ်းႏႈန္း၊ စြမ္းေဆာင္ရည္က ေက်ာင္းသားေတြအတြက္ ေန႔စဥ္လုပ္ေဆာင္တာေတြကို အေကာင္းဆုံးလုပ္ေဆာင္ႏုိင္ေစမယ့္ Laptop တစ္လုံးလို႔ဆိုရမွာ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366×768 pixel ထိေထာက္ပံ့ေပးႏုိင္တဲ့ IPS LED Diaplay ကို အသုံးျပဳထားပါတယ္။ အျမန္ႏႈန္း 1.10GHz ရွိတဲ့ Intel Celeron N3450U processor ကိုအသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32 GB eMMC ရွိမွာျဖစ္ပါတယ္။

ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 500 ေထာက္ပံ့ပါဝင္ၿပီး Touchpad က ၄.၁x၂.၃ လက္မအရြယ္အစား ရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.2၊ microSD ေပါက္၊ WWAN SIM card reader ေပါက္၊ USB 3.1 Type C၊ USB 3.0 ေပါက္နဲ႔ USB 2.0 ေပါက္ေတြ ပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၄၇ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

အေလးခ်ိန္ကေတာ့ ၁.၃ ကီလိုဂရမ္ (၂.၉၆ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၉ဝ.ဝ၃

အားသာချက်

အကြမ်းခံပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာစမ်းသပ်မှုတစ်ခုဖြစ်တဲ့ MIL-STD-810G စမ်းသပ်ပြီးသား ထုတ်ကုန်ဖြစ်တာတွေက သဘောကျစရာပါ။ ရေဖိတ်စဉ်ဒဏ်ခံနိုင်တဲ့ကီးဘုတ်ကို အသုံးပြုထားပြီး ဘက်ထရီနဲ့ကို ပုံမှန်သုံးနိုင်တဲ့ကြာချိန်ရဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပြီး အသံထွက်ပိုင်းကောင်းမွန်လှတဲ့အပြင် သင့်တင့်တဲ့ကာလာ Display အမျိုးအစားကိုအသုံးပြုထားပါတယ်။

အားနည်းချက်

ဒီဇိုင်းပိုင်းကတော့ သိပ်အလှကြီး မဟုတ်လှပါဘူး။ နောက်ပြီး ကီးဘုတ်နဲ့ touchpad ကတော့ အသုံးပြုရတာ သိပ်ပြီးသက်သောင့်သက်သာ ရှိလှတယ်လို့ မခံစားရပါဘူး။ နောက်ပြီး Display ကတော့ ကြည့်ရတာအနည်းငယ် မှိန်မှိန်ကြီးဖြစ်နေတယ်လို့ ဆိုရမှာပါ။

သုံးသပ်ချက်

Lenovo 500e Chromebook က အကြမ်းခံတဲ့ Touch-screen Laptop ဖြစ်တဲ့အပြင် ဘက်ထရီနဲ့ကို အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက သဘောကျစရာပါ။ Touch pen လည်းတစ်ပါတည်း ပါဝင်တာတွေက ပိုက်ဆံထပ်ကုန်စရာမလိုဘဲ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ အရောင်အသွေး ကောင်းမွန်လှတဲ့ Display က ကြည့်ရတာ အနည်းငယ်မှိန်ပြီး ဒီဇိုင်းပိုင်း သိပ်ဆွဲဆောင် မရှိလှတာကလွဲရင် လူတိုင်းအတွက် သင့်တင့်တဲ့စျေးနှုန်း၊ စွမ်းဆောင်ရည်က ကျောင်းသားတွေအတွက် နေ့စဉ်လုပ်ဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမယ့် Laptop တစ်လုံးလို့ဆိုရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိထောက်ပံ့ပေးနိုင်တဲ့ IPS LED Diaplay ကို အသုံးပြုထားပါတယ်။ အမြန်နှုန်း 1.10GHz ရှိတဲ့ Intel Celeron N3450U processor ကိုအသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32 GB eMMC ရှိမှာဖြစ်ပါတယ်။

ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 500 ထောက်ပံ့ပါဝင်ပြီး Touchpad က ၄.၁x၂.၃ လက်မအရွယ်အစား ရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.2၊ microSD ပေါက်၊ WWAN SIM card reader ပေါက်၊ USB 3.1 Type C၊ USB 3.0 ပေါက်နဲ့ USB 2.0 ပေါက်တွေ ပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၄၇ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉၆ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com