September 26, 2017

Laptop ကို အားပြန်သွင်းပေးနိုင်မယ့် USB-C battery pack

AC outlet တစ်ခုပါဝင်ပြီး 27,000mAh battery pack ဖြစ်တဲ့ Lifepowr A2 ကိုဖန်တီးတဲ့အဖွဲ့ဟာ USB-C ပါဝင်ပြီး ပိုကောင်းတဲ့ battery pack သစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။

Lifepower A3 ကို 27,000mAh နဲ့ပဲရနိုင်ပေမယ့် Thunderbolt 3, Quick Charge 3.0 တိုနဲ့သုံးနိုင်မယ့် USB-C port နှစ်ခုပါဝင်ပါတယ်။ ဒါ့အပြင် Quick Charge 3.0 ထောက်ပံ့ပေးထားတဲ့ USB-A port နှစ်ခုနဲ့ AC socket တို့လည်း ပါဝင်ပါတယ်။

Port ငါးခုစလုံးကို တစ်ပြိုင်နက်အသုံးပြုနိုင်ပြီး A3 ကို ၅၀ ရာခိုင်နှုန်း အားပြန်သွင်းတဲ့အခါ တစ်နာရီခန့်သာ ကြာမြင့်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Indiegogo ပေါ်မှာ ငွေကြေးထောက်ပံ့သူတွေအနေနဲ့ A3 ကို ၁၅၉ ဒေါ်လာနဲ့ ရရှိနိုင်ပါတယ်။ ဒီ battery pack သစ်ကို နိုဝင်ဘာလမှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

Ref: TheVerge