November 19, 2017

jEsuSda Color Platte ကို Ubuntu OS တွင် ထည့်သွင်းခြင်း

jEsuSda Color Platte ဆိုတာကတော့ GIMP, Inkscape, Krita အစရှိတာတွေမှာ ထည့်သွင်းသုံးစွဲနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အရောင်တွေကို စုစည်းပြီး သိမ်းဆည်းထားနိုင်မှာ ဖြစ်သလို GIMP, Inkscape အစရှိတာတွေမှာ ထည့်သွင်းသုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။

jEsuSda Color Platte ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

jEsuSda Color Platteကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:atareao/atareao

sudo apt-get update

sudo apt-get install palettes-extra-for-gimp palettes-extra-for-inkscape

ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူမှာဖြစ်တဲ့အ တွက် ခေတ္တစောင့်ပေး ရပါမယ်။ Package တွေကို download လုပ်ပြီးရင် တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် jEsuSda Color Platte ကို Ubuntu OS မှာ ထည့်သွင်းပြီး သွားပြီ ဖြစ်ပါတယ်။

-သီဟ