September 26, 2017

Japan Expo Mandalay 2017 တွင် ဂျပန်နင်ဂျာများ လာရောက်ပြသမည်

ဂျပန်နိုင်ငံ Professional နင်ဂျာအဖွဲ့ Raifujin မှ နင်ဂျာပြပွဲ Ninja Showကို မန္တလေးမှာလာရောက် သရုပ်ပြဖျော်ဖြေမယ်လို့ သိရပါတယ်။၂၀၁၇ ခုနစ် မေ ၂၃ ရက် မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပမယ့် Japan Expo Mandalay 2017 ပြပွဲမှာ ၀င်ရောက်ပြသမှာဖြစ်ပြီး မနက် ၁ဝ နာရီမှာ တစ်ကြိမ်၊ ညနေ ၂ နာရီမှာ တစ်ကြိမ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

နင်ဂျာအဖွဲ့ Raifujin နင်ဂျာသရုပ်ပြမှု အစီအစဉ်မှာ နင်ဂျာသုံးဦးက Stage Performance တွေအပြင် လာရောက်သူတွေကို နင်ဂျာလက်နက်ပုန်းပစ်နည်း၊ အိုရိဂမိဖြင့် လက်နက်ပုန်းခေါက်နည်းတွေကိုပါ သင်ကြားပြသပေးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ Professional Ninja အမျိုးသား၊ အမျိုးသမီးများက လက်နက်အသုံးပြုပုံ၊ တိုက်ခိုက်ပုံ၊ နင်ဂျာအသုံးအဆောင် ပစ္စည်းအစစ်များနဲ့ နင်ဂျာအတတ်ပညာတွေကို စိတ်ဝင်စားဖွယ် မိတ်ဆက်ပြသသွားမှာ ဖြစ်ပြီး အမှတ်တရဓာတ်ပုံလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ နင်ဂျာသရုပ်ပြဖျော်ဖြေမှု အစီအစဉ်ကို Japan Culture House၊ Japan Foundation၊ MAJA နဲ့ Myanmar Promotional Services (MPS) Co.,Ltd. တို့ရဲ့ စီစဉ်မှုနဲ့ အခမဲ့ သရုပ်ပြဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ပါတယ်။