November 18, 2017

iPhone X မှာ Virtual Home button ဘယ်လို ထည့်သွင်းမလဲ

iPhone X ဟာ physical home button မပါဝင်လာတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ iPhone သုံးစွဲနေသူတွေ အနေနဲ့ သုံးစွဲနေကြ home button ကို အသုံးပြုချင်တယ်ဆိုရင် virtual home button ကိုထည့်သွင်း သုံးစွဲနိုင်ပါတယ်။

iPhone X မှာ virtual home button ကို အသုံးပြုဖို့အတွက်ကတော့ ယခင် iOS version တွေမှာထဲက ပါဝင်လာတဲ့ Assistive touch ကို virtual home button အဖြစ်နဲ့ သုံးစွဲမှာဖြစ်ပါတယ်။

Assistive touch ကို virtual home button အဖြစ်သုံးစွဲမယ်ဆိုရင် Settings > General > Accessibiltiy > AssistiveTouch ဆိုတာကို ရွေးပါ။ AssistiveTouch toggle ကို enable လုပ်ပါ။ ပြီးရင် Single-Tap ဆိုတာကို နှိပ်ပြီး Home ကိုရွေးပေးရမှာဖြစ်ပါတယ်။

Animated GIF - Find & Share on GIPHY

Assistive touch ဟာ screen ပေါ်မှာ ပေါ်လာပြီဆိုရင် app တစ်ခုခုကို ဖိပြီး wiggle mode ထဲကို ဝင်ပါ။ Docked ပေါ်က icon တွေကို အကုန်ဖယ်ရှားပြီး AssistiveTouch ကို အဆိုပါ dock ထဲကို ဆွဲထည့်ပါ။ ပြီးရင် wiggle mode ကနေ ထွက်လိုက်ပါ။

Animated GIF - Find & Share on GIPHY

ဒါဆိုရင် iPhone X မှာ virtual home button ကိုထည့်သွင်းပြီးပြီဖြစ်ပါတယ်။

-သီဟ