November 19, 2017

iPhone 8 အတုများ တရုတ်နိုင်ငံတွင် ထွက်ပေါ်နေ

iPhone 8 တရားဝင်ထွက်ရှိဖို့ လအနည်းငယ်အကြာ လိုနေသေးပေမယ့်လည်း Apple က မဖြန့်ချိရသေးတဲ့ စမတ်ဖုန်းရဲ့ ဗားရှင်းအတုတွေဟာ တရုတ်ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

EverythingApplePro လို့အမည်ရတဲ့ YouTube channel ဟာ iPhone 8 အတုတွေကို တရုတ်နိုင်ငံကနေမှာယူခဲ့ပြီး လက်တွေ့သုံးပြခဲ့ပါတယ်။ အဲ့ဒီ iPhone 8 အတုတွေဟာ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Apple ဟန်းဆက်သစ်ရဲ့ အချက်အလက်တွေအတိုင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ iPhone 8 အတုကို ပလတ်စတစ်နဲ့ဖန်တီးထားပြီး iOS ပုံစံ Android ဗားရှင်းအဟောင်းကို အသုံးပြုထားပါတယ်။

လက်တွေ့သုံးပြခဲ့တဲ့ iPhone 8 ဗီဒီယိုကို အောက်ပါ link မှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Shanghaiist/BGR