October 20, 2017

iPhone 8 နဲ့ iPhone X အစား iPhone 6S ကို ဝယ်ယူသင့်တဲ့ အကြောင်းရင်း (၁၁) ချက်

လွန်ခဲ့တဲ့နှစ်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone 6S ကို Apple က ဆက်လက်ရောင်းချနေတာဟာ အဲ့ဒီဖုန်း ဘယ်လောက်ကောင်းသလဲဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Apple က မော်ဒယ်သစ်ကို မိတ်ဆက်ပြီးတာနဲ့ အရင်မျိုးဆက် iPhone ကိုပဲ ထောက်ပံ့ပေးလေ့ရှိပါတယ်။

Apple ဝက်ဘ်ဆိုက်ပေါ်က iPhone 8 ဒါမှမဟုတ်iPhone X ရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီဖုန်းတွေက အလွန်ဆင်တူတာကို သတိပြုမိမှာပါ။ အဓိက ကွာခြားတာက chip တွေနဲ့ feature တွေအပြင် display နဲ့ ကင်မရာတို့လို အဆင့်မြှင့်တင်မှုအချို့တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက iPhone ကို ဝယ်ယူဖို့ဆုံးဖြတ်ရာမှာ အရေးအပါဆုံး အခြေခံအကြောင်းရင်းတွေဖြစ်ပေမယ့် ဒေါ်လာ ၄၅၀ နဲ့ စတင်တဲ့ iPhone 6S က ထိပ်တန်းပြိုင်ဘက်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် iPhone 8 နဲ့ iPhone X အစား iPhone 6S ကို ဝယ်ယူသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဈေးပိုသက်သာခြင်း

အရင်မျိုးဆက် iPhone တွေရဲ ဈေးက အသစ်တွေထက် ပိုမိုသက်သာပါတယ်။ iPhone အသစ်တွေရဲ့ ဈေးက အောက်ပါအတိုင်းဖြစ်ပါတယ်။

– iPhone 8 64GB – ဒေါ်လာ ၇၀၀
– iPhone 8 Plus 64GB – ဒေါ်လာ ၈၀၀
– iPhone X 64GB – ဒေါ်လာ ၁၀၀၀
ဒါပေမဲ့ Apple က iPhone 6S နဲ့ 6S Plus ကို iPhone သစ်တွေထက် အတော့်ကို သက်သာတဲ့ဈေးနဲ့ ဆက်လက်ရောင်းချနေဆဲ ဖြစ်ပါတယ်။
– iPhone 6S 32GB – ဒေါ်လာ ၄၅၀
– iPhone 6S Plus 32GB – ဒေါ်လာ ၅၅၀
ဒါ့အပြင် Apple ကနေ iPhone 6S နဲ့ iPhone 6S Plus refurbished မော်ဒယ်တွေကိုလည်း ပိုသက်သာတဲ့ဈေးနဲ့ ရရှိနိုင်ပါတယ်။
– Refurbished iPhone 6S 64GB – ဒေါ်လာ ၄၃၀
– Refurbished iPhone 6S Plus 64GB – ဒေါ်လာ ၅၁၀

(၂) iPhone 8 နဲ့ iPhone X မှာမရနိုင်တဲ့ အရောင်တွေနဲ့ရရှိနိုင်ခြင်း


iPhone 8 မှာ silver, gold, space gray တွေနဲ့ပဲ ရနိုင်ပါတယ်။ iPhone X ကိုတော့ silver, space gray အရောင်တွေနဲ့သာ ရနိုင်ပါတယ်။
iPhone 6S နဲ့ 6S Plus ကို silver, gold, space gray, rose gold တို့နဲ့ ရရှိနိုင်ပါတယ်။

(၃) iPhone 6S က iPhone 8 နဲ့ အလွန်နီးပါး ဆင်တူပါတယ်။

ကျန်တဲ့အရာတွေထက် ဒီဇိုင်းကိုပဲ အကဲဖြတ်မယ်ဆိုရင်တော့ iPhone X က ရွေးချယ်စရာ ဖြစ်ပါတယ်။ iPhone X ဟာ ၂၀၁၄ ခုနှစ်က iPhone 6 ကို ဖြန့်ချိပြီးနောက်ပိုင်း အဆန်းသစ်ဆုံးဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ iPhone ဖြစ်ပါတယ်။
ဒါပေမဲ့ iPhone 6S ရဲ့ဒီဇိုင်းကလည်း ကောင်းမွန်ပါတယ်။ iPhone 6S နဲ့ 6S Plus ရဲ့ဒီဇိုင်းဟာ iPhone 8 မော်ဒယ်သစ်တွေနဲ့ အလွန်နီးပါး ဆင်တူပါတယ်။ iPhone 6S နဲ့ iPHone 8 နှစ်မျိုးစလုံးမှာ display တစ်ဝိုက် တူညီတဲ့ bezel တွေပါဝင်သလို အသွင်သဏ္ဍာန်ဆင်တူပြီး screen တွေရဲ့ အရွယ်အစားနဲ့ resoltuion ကလည်း တူညီပါတယ်။

(၄) iPhone 6S ရဲ့ သတ္တုကျောဘက်က iPhone 8 နဲ့ iPhone X ရဲ့ ကျောဘက်မှန်လို အလွယ်တကူ မကွဲကြေနိုင်ခြင်း

iPhone 8 နဲ့ iPhone X ရဲ့ မှန်ကျောဘက်တွေဟာ Qi စံသတ်မှတ်ချက်ကိုသုံးပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ iPhone 4 နဲ့ 4S လိုပဲ လွတ်ကျတဲ့အခါမျိုးမှာ အလွယ်တကူ ကွဲကြေနိုင်ပါတယ်။
iPhone 6S ရဲ့ အလူမီနီယံကျောဘက်တွေကတော့ မှန်ကျောဘက်လို မကွဲကြေနိုင်ပါဘူး။

(၅) iPhone 8 နဲ့ iPhone X လို အားသွင်းမြန်ဆန်ခြင်း

iPhone သစ်အားလုံးမှာ iPhone 6S လိုပဲ တူညီတဲ့ charger တွေပါဝင်ပါတယ်။ ဒါကြောင့် တူညီတဲ့အမြန်နှုန်းနဲ့ အားသွင်းနိုင်ပါတယ်။
Apple ဟာ iPhone 8 နဲ့ iPhone X အတွက် fast charging ကို ထည့်သွင်းပေးထားတာကြောင့် iPhone ကို မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုသုံးနိုင်ဖို့အတွက် Power Delivery standard ပါဝင်တဲ့ USB power adapter နဲ့ Apple ရဲ့ USB-C-to-Lightning power cable လို အပိုဆောင်းပစ္စည်းတွေ ဝယ်ယူဖို့လိုအပ်ပါတယ်။
iPhone 8 နဲ့ iPhone X မှာ ကြိုးမဲ့အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ သီးခြား charger တစ်ခု ဝယ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၆) ချောမွေ့စွာအလုပ်လုပ်နိုင်ခြင်း

iPhone 6S မှာသုံးထားတဲ့ Apple A9 chip ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ iPhone 6S Plus မှာ iOS 11 ကို update လုပ်တဲ့အခါမှာလည်း နှေးကွေးသွားခြင်း မရှိပါဘူး။ iPhone 6S ကတော့ iPhone 8 ထက် load time နည်းနည်းကြာမြင့်နိုင်ပေမယ့် နေ့စဉ်သုံးလိုအပ်ချက်အတွက် သင့်တော်နေဆဲဖြစ်သလို app တွေကိုလည်း လျင်မြန်စွာ ဖွင့်ပေးနိုင်ပါတယ်။
A9 chip အပြင် အလွန်လျင်မြန်တဲ့ Touch ID sensor ကြောင့်လည်း iPhone 6S ကို အလျင်အမြန် unlock လုပ်နိုင်ပါတယ်။ iPhone X မှာပါတဲ့ Face ID ကတော့ ဖုန်းရဲ့အရှေ့ဘက်ကင်မရာကိုသုံးပြီး သုံးစွဲသူရဲ့ မျက်နှာနဲ့ unlock လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ Face ID မှာ ဖုန်းကို ချောမွေ့စွာ unlock လုပ်နိုင်ခြင်း ရှိ၊ မရှိ ဘယ်သူမှ မသိရသေးပါဘူး။

(၇) ကျောဘက်ကင်မရာ အလွန်ကောင်းမွန်ခြင်း

iPhone 8 Plus ရဲ့ ကင်မရာဟာ အကောင်းဆုံး စမတ်ဖုန်းကင်မရာစာရင်းမှာ Samsung Galaxy ဖုန်းတွေကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ iPhone 6S ထက် ပိုကောင်းတဲ့ကင်မရာ ဖြစ်တယ်လို့ပြောရင်လည်း ငြင်းလို့မရပါဘူး။ ဒါပေမဲ့ iPhone 6S Plus ရဲ့ကင်မရာက အံ့အားသင့်ဖွယ်ရာကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ဆဲဖြစ်ပါတယ်။

(၈) နားကြပ်ပေါက်ပါဝင်ခြင်း

နားကြပ်ပေါက် ပါဝင်တာကြောင့် dongle မလိုဘဲ သီချင်းနားထောင်ရင်း အားသွင်းနိုင်ပါတယ်။

(၉) Screen ကောင်းမွန်ခြင်း

iPhone 8 နဲ့ iPhone X ရဲ့ screen တွေမှာ ကိုယ့်ပတ်ဝန်းကျင်က အလင်းနဲ့ကိုက်ညီမယ့် color temperature ကို ချိန်ညှိပေးမယ့် TrueTone အပါအဝင် အဆင့်မြှင့်တင်မှုတွေကို ထည့်သွင်းထားပါတယ်။
တစ်ချိန်တည်းမှာပဲ iPhone 6S ရဲ့ screen ကလည်း ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဖုန်းရဲ့ screen က iPhone 8 အတိုင်း ကြည်လင်ပြတ်သားပြီး တူညီတဲ့ resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။
iPhone X ရဲ့ screen မှာတော့ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုတွေပါဝင်ပါတယ်။

(၁၀) iPhone 8 နဲ့ iPhone X လို တူညီတဲ့ iOS ဗားရှင်းကို အသုံးပြုနိုင်ခြင်း

iPhone 6S မှာ တူညီတဲ့ iOS အတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။ iPhone 8 နဲ့ iPhone X မှာပါဝင်တဲ့ Portrait Mode လို software အခြေခံ feature သစ်တွေ မရနိုင်ပေမယ့် အခြား iPhone တွေအတိုင်း တူညီတဲ့ စမတ်ဖုန်းအတွေ့အကြုံကို ရရှိနိုင်ပါတယ်။

(၁၁) iPhone သစ်တွေလို augmented-reality သစ်တွေ ရနိုင်မလား။

iPhone 8 နဲ့ iPhone X မှာပါဝင်တဲ့ augmented-reality software ဟာ ဒီဂျစ်တယ်နဲ့ အိမ်ကို အလှဆင်တာ၊ တစ်ခါမှမရောက်ဖူးတဲ့ မြို့တစ်မြို့ကို လေ့လာတာ၊ ဒိုင်နိုဆောတွေနဲ့ လမ်းလျှောက်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။
ဒါပေမဲ့ augmented reality က အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတာကြောင့် augmented reality နဲ့ပတ်သက်တာတွေကို အများကြီးသုံးလို့ရဦးမှာ မဟုတ်ပါဘူး။

-နောင်နောင်
Ref: BusinessInsider