November 18, 2017

iPhone 8 နဲ့ iPhone X ဘယ်ဟာကို ရွေးချယ်သင့်သလဲ

Apple ဟာ အခုအခါ ထုတ်ကုန်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီမီယံ iPhone မော်ဒယ် သုံးမျိုးကို ရောင်းချနေပါတယ်။ ဒါကြောင့် iPhone 8, iPhone 8 Plus နဲ့ iPhone X ထဲက ဘယ်မော်ဒယ်ကို ရွေးချယ် ဝယ်ယူသင့်သလဲဆိုတာကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။

ဒီဖုန်းတွေမှာ တူညီတဲ့ processor ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အမြန်နှုန်းနဲ့ စွမ်းဆောင်ရည်အပိုင်းမှာ ခြားနားမှုမရှိပါဘူး။

Apple ရဲ့ iPhone operating system နောက်ဆုံးဗားရှင်း iOS 11 ကိုလည်း ဒီဖုန်းတွေမှာ အသုံးပြုထားပါတယ်။

ဒီဖုန်းအားလုံးမှာ wireless charging ပါဝင်ပါတယ်။

iPhone X မှာ အရွယ်ကြီးမားတဲ့ screen နဲ့ ဒီဇိုင်းသစ် ပါဝင်ပါတယ်။

iPhone 8 ရဲ့ဒီဇိုင်းကတော့ ၂၀၁၄ ခုနှစ်ကအတိုင်း အများကြီး မပြောင်းလဲသွားပါဘူး။

iPhone X မှာ OLED နည်းပညာ သုံးထားတဲ့ ကြည်လင်ပြတ်သားတဲ့ screen ပါဝင်ပါတယ်။ မကြာသေးခင်က ဒီ display ကို အကောင်းဆုံး စမတ်ဖုန်း display အဖြစ် သတ်မှတ်ခဲ့ပါတယ်။

iPhone 8 မှာ LCD screen ပါဝင်ပါတယ်။ ဒီ display က ကောင်းမွန်ပေမယ့် iPhone X ရဲက screen လောက်တော့ မကောင်းပါဘူး။

iPhone X မှာ Apple ရဲ့ TureDepth front-facing ကင်မရာစနစ်ပါဝင်ပါတယ်။ ဒီစနစ်ကို facial recognition အပြင် animoji နဲ့ ပိုကောင်းတဲ့ Snapchat lens တွေလို အရည်အသွေးမြင့် augmented-reality feature တွေအတွက် သုံးနိုင်ပါတယ်။

ဒါ့အပြင် TrueDepth ကင်မရာက portrait selfie တွေကို ရိုက်ပေးနိုင်ပါတယ်။

iPhone 8 မှာ သာမန် front-facing ကင်မရာတစ်ခုပဲ ပါဝင်ပါတယ်။ Face ID မပါဝင်သလို portrait selfie တွေကို မရိုက်နိုင်ပါဘူး။

iPhone X မှာ home button မပါဝင်ပါဘူး။ Unlock လုပ်ဖို့အတွက် screen အောက်ခြေကနေ အပေါ်ကို swipe လုပ်ရပါမယ်။

iPhone 8 မှာ home button ပါဝင်ပြီး Touch ID fingerprint sensor ကို ဆက်သုံးထားပါတယ်။

iPhone X ရဲ့ ကျောဘက်ကင်မရာက အလွန်ကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Lens နှစ်ခုစလုံးမှာ optical image stabilization ပါဝင်တာကြောင့် အလင်းနည်းတဲ့နေရာတွေမှာ “shaky cam” effect အနည်းဆုံးနဲ့ ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

iPhone 8 မှာ camera lens တစ်ခုပဲ ပါဝင်ပါတယ်။ 8 Plus မှာ lens နှစ်ခုပါဝင်ပေမယ့် dual optical image stabilization မပါဝင်ပါဘူး။

iPhone X က ဈေးကြီးလွန်းပါတယ်။ 64GB အတွက် ၉၉၉ ဒေါ်လာဖြစ်ပြီး 256GB အတွက်က ၁,၁၄၉ ဒေါ်လာ ဖြစ်ပါတယ်။

iPhone 8 ကတော့ 64GB အတွက် ၆၉၉ ဒေါ်လာဖြစ်ပါတယ်။ iPhone 8 Plus ရဲ့ဈေးကတော့ ၇၉၉ ဒေါ်လာနဲ့ စတင်ပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင်တော့ iPhone X က iPhone 8 ထက် ပိုကောင်းပါတယ်။

iPhone X က အစစအရာရာ သာလွန်ပါတယ်။ iPhone 8 ရဲ့ ဒီဇိုင်းကတော့ ရိုးအီငြီးငွေ့စရာကောင်းပြီး outdate ဖြစ်လွန်းပါတယ်။ iPhone X မှာတော့ အရွယ်ကြီးမားတဲ့ display နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ feature တွေ ပါဝင်ပါတယ်။ iPhone 8 က ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်တဲ့အတွက် ဝယ်ယူဖို့စဉ်းစားထားတယ်ဆိုရင်တော့ မမှားဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ အကောင်းတကာ့ အကောင်းဆုံးကိုလိုချင်တယ်ဆိုရင်တော့ iPhone X ကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

Ref: BusinessInsider