September 26, 2017

iPhone 8 ကို အောက်တိုဘာလတွင် စတင်ရောင်းချမည်ဟုဆို

Apple ဟာ မျိုးဆက်သစ် iPhone တွေကို စက်တင်ဘာလမှာ ပွဲထုတ်မိတ်ဆက်ပြီး အောက်တိုဘာလမှာ စတင်ရောင်းချသွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

အရင်သတင်းတွေမှာတော့ Apple ဟာ LCD မော်ဒယ်နှစ်မျိုးနဲ့အတူ ပွဲထုတ်မိတ်ဆက်ဖို့စီစဉ်ထားတဲ့ OLED iPhone ကို အချိန်မီမိတ်ဆက်နိုင်ဖို့အတွက် ရုန်းကန်
နေရတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါမှာတော့ မျိုးဆက်သစ် iPhone တွေကို မိတ်ဆက်ရာမှာ နှောင့်နှေးဖွယ်မရှိကြောင်းနဲ့ သက်ဆိုင်ရာ iPhone အစိတ်အပိုင်းတွေကို ဇွန်လကစတင်ပြီး အလုံးအရင်းနဲ့ ထုတ်လုပ်သွားမှာဖြစ်ကြောင်း Economic Daily News က ဖော်ပြလိုက်ပါတယ်။

Taiwan Semiconductor Manufacturing Company (TSMC), Zhen Ding Technology, Kinsus Interconnect Technology နဲ့ Simplo Technology တို့အပါအဝင် supplier တွေဟာ iPhone အစိတ်အပိုင်းတွေကို ဇွန်လကစတင်ပြီး ထုတ်လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

TSMC အနေနဲ့ A11 processor များထုတ်လုပ်မှုကို ဇွန်လ ၁၀ ရက်မှာ စတင်သွားမှာဖြစ်ပြီး ချစ်ပ်တွေကို ဇူလိုင်လလယ်မှာ အလုံးအရင်းနဲ့ ပေးပို့သွားမှာဖြစ်တယ်လို့ Economic Daily က ဖော်ပြခဲ့ပါတယ်။

Zhen Ding နဲ့ Kinsus တို့ကတော့ SLP ထုတ်ကုန်တွေကို ဇွန်လမှာ အလုံးအရင်းနဲ့ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ Foxconn, Winston နဲ့ Pegtron တို့လို iPhone တပ်ဆင်မယ့်ကုမ္ပဏီတွေကလည်း တရုတ်နိုင်ငံအတွင်း အလုပ်သမားသစ်တွေကို ခေါ်ယူလေ့ကျင့်ပေးလျက်ရှိပြီး iPhone သစ်ကို အလုံးရင်းနဲ့ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref: MacRumors