iPhone 7 အတွက် Air Force 1 နဲ့ Roshe case များ Nike ဖြန့်ချိ

ကုမ္ပဏီရဲ့ နာမည်ကျော်ရှုးဖိနပ်အောက်ခံ sole ပုံစံတွေအတိုင်း ဖန်တီးထားတဲ့ iPhone 7 case နှစ်မျိုးကို Nike က ဖြန့်ချိလိုက်ပါတယ်။

အဲ့ဒီ case တွေကို Nike Air Force 1 နဲ့ Nike Roshe ဆိုပြီး အမည်ပေးထားပါတယ်။

Air Force 1 ကို အပြာရောင်နဲ့ ရရှိနိုင်ပြီး Roshe ကိုတော့ အနီရောင်၊ အစိမ်းရောင်တို့နဲ့ ရနိုင်ပါတယ်။ ဒီ case နှစ်မျိုးစလုံးကို thermoplastic polyurethane ၁၀၀ ရာခိုင်နှုန်းနဲ့ ဖန်တီးထားတယ်လို့ ဆိုပါတယ်။

ဒီ case တွေကို iPhone 7 နဲ့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၃၅ ဒေါ်လာပါ။

Ref: GSMArena