September 26, 2017

iPhone 7 နဲ့ 7 Plus စပီကာထဲ ရေဝင်ပြီး အသံမမှန်တဲ့ပြဿနာကိုဖြေရှင်းနည်း

iPhone 7 နဲ့ 7 Plus ထဲ ရေဝင်သွားတဲ့အခါမှာ စပီကာတွေက ပုံမှန်အသံမဟုတ်ဘဲ အသံမမှန်တဲ့ ပြဿနာများ ကြုံတွေ့နေပြီဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

ပထမဆုံး App Store ကနေ Sonic ဆိုတဲ့ app ကို ရယူပါ။ Sonic app ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။ ပြီးရင် app ကို ဖွင့်လိုက်ပါ။

Sonic app ကိုဖွင့်ပြီးရင် frequency 160 Hz နဲ့ 170 Hz ကြားထားရပါမယ်။ အသင့်တော်ဆုံးကတော့ 165 Hz ဖြစ်ပါတယ်။ အဲ့ဒီနောက် Play ကိုနှိပ်ပါ။ စပီကာထဲက ရေမှုန်လေးတွေ ထွက်လာရင် အဝတ်စနဲ့သုတ်ပါ။ ဒါဆိုရင် စပီကာထဲမှာ ရေထုတ်နည်း ပြီးပါပြီ။

Ref: Reddit