iPhone အတွက် ကိုယ်ပိုင် ဂရပ်ဖစ်ချစ်ပ် ဖန်တီးနေတဲ့ Apple

လက်ရှိမှာ Apple ရဲ့ custom silicon-on-a-chip (A10 Fusion, A9, A8) ဟာ ဂရပ်ဖစ် စွမ်းဆောင်ရည်အတွက် ယူကေအခြေစိုက် Imagination Technologies ရဲ့ GPU ဒီဇိုင်းတွေပေါ်မှာ မှီခိုနေရပါတယ်။ ဒါကြောင့် ရောင်းချရတဲ့ iPhone နဲ့ iPad တိုင်းအတွက် မူပိုင်ခကို Apple က Imagination ထံ ပေးချေရပါတယ်။ Imagination ကုမ္ပဏီက Apple ဆီကရတဲ့ ဝင်ငွေနဲ့ လည်ပတ်ပါတယ်။

ဒီနေ့မှာတော့ Imagination Technologies ရဲ့ ဉာဏဆိုင်ရာမူပိုင်ခွင့် အသုံးပြုမှုကို နှစ်နှစ်အတွင်း ရပ်ဆိုင်းသွားမယ်လို့ Apple က ကြေညာလိုက်ပါတယ်။ ဒီသတင်းကြောင့် $IMG ရဲ့ စတော့ရှယ်ယာက ၇၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ custom GPU silicon ဒီဇိုင်းတွေကို ဖန်တီးခဲ့တဲ့ နည်းလမ်းအတိုင်း ကိုယ်ပိုင် custom graphics architecture ကို ဖန်တီးနေတယ်လို့ Apple က Imagination Technologies ကို ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ Imagination Technologies ရဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ကို နှစ်နှစ်အတွင်း စွန့်လွှတ်မယ့်အတွက်ကြောင့် custom GPU တစ်ခုကို Apple A12 chip မှာ ထည့်သွင်း အသုံးပြုသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Ref: 9to5mac