June 24, 2017

iPhone သစ်တွင် ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာမည်

iPhone ကို ထုတ်လုပ်တပ်ဆင်ပေးတဲ့ ထိုင်ဝမ်ကုမ္ပဏီ Wistron က ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိမယ့် ၅.၅ လက်မ iPhone သစ်ဟာ ရေစိုခံပြီး ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဒီနှစ်အတွက် တပ်ဆင်ထုတ်လုပ်မယ့် iPhone က အရင်မျိုးဆက်တွေနဲ့ အများကြီး မကွာခြားပါဘူး။ ဒါပေမဲ့ ရေစိုခံတာနဲ့ ကြိုးမဲ့အားသွင်းစနစ်လိုမျိုး feature သစ်တွေ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို စမ်းသပ်မှုအမျိုးမျိုးလုပ်ဖို့ လိုအပ်လာပါတယ်။ ရေစိုခံတဲ့ လုပ်ဆောင်ချက်ကတော့ တပ်ဆင်တဲ့အခါမှာ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်လာမှာပါ” လို့ Wistron အမှုဆောင်အရာရှိချုပ် ရောဘတ်ဟွမ်က ရှယ်ယာရှင်တွေပါဝင်တဲ့ နှစ်စဉ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Wistron ဟာ Hon Hai ကုမ္ပဏီ ဒါမှမဟုတ် Foxconn Technology အုပ်စုနဲ့အတူ ၅.၅ လက်မအရွယ် iPhone flat display တွေအတွက် အမှာစာတွေကို ခွဲဝေလုပ်ကိုင်သွားမယ်လို့ Yuanta Investment Consulteing က ဂျက်ဖ်ပူနဲ့ Fubon Securities က အာသာလျောင်တို့က ပြောကြားခဲ့ပါတယ်။

Apple ဟာ ၄.၇ လက်မ flat display ပါဝင်တဲ့ ဟန်းဆက်နဲ့ မျက်နှာပြင်အနည်းငယ်ကွေးထားတဲ့ တန်ဖိုးကြီး စမတ်ဖုန်းကိုလည်း ထုတ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: Nikkei

//ambient pc code