June 24, 2018

iPhone မွာ Screen Record ဘယ္လိုလုပ္မလဲ

[ Zawgyi ]

iPhone မွာ Screen Record လုပ္ဖို႔အတြက္ Third-party လို႔ေခၚတဲ့ App ေတြကို အသံုးျပဳၿပီးျပဳလုပ္ၾကတာရွိသလို ဖုန္းရဲ႕ Settings ပိုင္းမွာ အနည္းငယ္ ျပင္ဆင္မႈလုပ္ၿပီး အလြယ္တကူ Screen record လုပ္ႏိုင္တဲ့ နည္းလမ္းလည္းရွိပါတယ္။ အခုေဖာ္ ျပေပးမွာကေတာ့ ဖုန္းမွာ Thrid party App ကို အသံုးမျပဳပဲ ျပဳ လုပ္ႏိုင္မယ့္ နည္းလမ္းျဖစ္ပါတယ္။

ဒီလိုမ်ဳိး Screen record ကို iPhone ေတြမွာ iOS 11 ကေနစၿပီး လုပ္ေဆာင္ႏုိင္တာျဖစ္ပါတယ္။ အရင္ဆုံး ဖုန္းရဲ႕ Control Center ထဲကေန Screen record အတြက္ လိုအပ္တဲ့ျပင္ဆင္မႈကို လုပ္ေပးရ ပါမယ္။ ဒါကေတာ့ ဖုန္းကေန screen record ကို စကၠန္႔ပိုင္းအတြင္း လုပ္ေဆာင္ႏုိင္ေစဖို႔ ျဖစ္ပါတယ္။

အရင္ဆုံးဖုန္းထဲက Settings icon ကို ႏွိပ္လိုက္ပါ။

Settings ထဲကို ေရာက္ရင္ေတာ့ Control Center ဆိုတဲ့စာသားကို တစ္ခ်က္ႏွိပ္ၿပီး စနစ္ထဲကို ဝင္လိုက္ပါ။

Control Center စနစ္ထဲကို ေရာက္ရင္ေတာ့ Customize Controls ဆိုတဲ့စာသားကို တစ္ခ်က္ႏွိပ္ၿပီး စနစ္ထဲကို ထပ္ဝင္ပါ။

Customize စနစ္ထဲမွာ အနီေရာင္ record ခလုတ္ပုံစံ Screen Recording ဆိုတဲ့စာသားကို ေတြ႔တဲ့အထိ ရွာပါ။

ေတြ႔ရင္ေတာ့ ပုံမွာျပထားတဲ့ အတုိင္း record ခလုတ္ icon ေဘးနားက အစိမ္းေရာင္ အေပါင္း လကၡဏာကို တစ္ခ်က္ႏွိပ္ပါ။ အဲဒါဆိုရင္ေတာ့ ပုံ – ၆ မွာျပ ထားသလိုမ်ဳိး အနီေရာင္ အႏုတ္လကၡဏာပုံစံ ေျပာင္းသြားပါမယ္။ Screen Recording ဆိုတဲ့ စာသား ညာဘက္က မ်ဥ္းတိုသုံးခုကို ႏွိပ္လိုက္မယ္ဆိုရင္ေတာ့ မိမိအေနနဲ႔ Screen recording ခလုတ္ Control Center မွာ မိမိစိတ္ႀကိဳက္ ေနရာမွာ ေရြ႕ခ်ယ္ထားဖို႔ စနစ္ထဲကို ေရာက္သြားမွာ ျဖစ္ပါတယ္။

ခုဆိုရင္လိုအပ္တဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ၿပီးၿပီျဖစ္တဲ့အတြက္ ဖုန္းမွာ Screen record ကို အလြယ္တကူ လုပ္ေဆာင္ႏုိင္ၿပီ ျဖစ္ပါတယ္။ အရင္ဆုံး ဖုန္းျမင္ကြင္းရဲ႕ေအာက္ေျချမင္ကြင္းကေန အေပၚကို ပြတ္ဆဲြၿပီး Control Center ကို ဖြင့္လုိက္ပါ။

အဲလိုဖြင့္လိုက္ရင္ေတာ့ Control Center ထဲမွာ record icon တစ္ခု ပါဝင္လာမွာျဖစ္ၿပီး အဲဒီ icon ကို ႏွိပ္လိုက္မယ္ဆိုရင္ေတာ့ ၃-၂-၁ ဆိုၿပီး ၃ စကၠန္႔အတြင္း record စတင္လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

မိမိအေနနဲ႔ အသံပါထည့္သြင္း ၿပီး record လုပ္မယ္ဆိုရင္ေတာ့ Screen record icon ကို pop-up menu ေပၚလာတဲ့အထိ စကၠန္႔အနည္းငယ္ ဖိႏွိပ္ထားရမွာျဖစ္ပါတယ္။ pop-up menu ေပၚလာ ရင္ေတာ့ မိုက္ပုံစံ icon ကို ႏွိပ္ၿပီး အသံပါ record လုပ္ဖမ္းယူထားႏိုင္မွာ ျဖစ္ပါတယ္။

သတိျပဳရမွာက အသံ record လုပ္ဖမ္းယူတာက ဖုန္းထဲက အသံေတြသာမကဘဲ မိမိေျပာသမွ်အသံေတြနဲ႔ ပတ္ဝန္းက်င္ အသံေတြကိုလည္း ဖမ္းယူေနမွာျဖစ္တဲ့အတြက္ မိမိအတြက္ မလိုလားအပ္တဲ့ အသံေတြ ေရာေထြးမႈမရွိေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

iPhone မှာ Screen Record လုပ်ဖို့အတွက် Third-party လို့ခေါ်တဲ့ App တွေကို အသုံးပြုပြီးပြုလုပ်ကြတာရှိသလို ဖုန်းရဲ့ Settings ပိုင်းမှာ အနည်းငယ် ပြင်ဆင်မှုလုပ်ပြီး အလွယ်တကူ Screen record လုပ်နိုင်တဲ့ နည်းလမ်းလည်းရှိပါတယ်။ အခုဖော် ပြပေးမှာကတော့ ဖုန်းမှာ Thrid party App ကို အသုံးမပြုပဲ ပြု လုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

ဒီလိုမျိုး Screen record ကို iPhone တွေမှာ iOS 11 ကနေစပြီး လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့ Control Center ထဲကနေ Screen record အတွက် လိုအပ်တဲ့ပြင်ဆင်မှုကို လုပ်ပေးရ ပါမယ်။ ဒါကတော့ ဖုန်းကနေ screen record ကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲက Settings icon ကို နှိပ်လိုက်ပါ။

Settings ထဲကို ရောက်ရင်တော့ Control Center ဆိုတဲ့စာသားကို တစ်ချက်နှိပ်ပြီး စနစ်ထဲကို ဝင်လိုက်ပါ။

Control Center စနစ်ထဲကို ရောက်ရင်တော့ Customize Controls ဆိုတဲ့စာသားကို တစ်ချက်နှိပ်ပြီး စနစ်ထဲကို ထပ်ဝင်ပါ။

Customize စနစ်ထဲမှာ အနီရောင် record ခလုတ်ပုံစံ Screen Recording ဆိုတဲ့စာသားကို တွေ့တဲ့အထိ ရှာပါ။

တွေ့ရင်တော့ ပုံမှာပြထားတဲ့ အတိုင်း record ခလုတ် icon ဘေးနားက အစိမ်းရောင် အပေါင်း လက္ခဏာကို တစ်ချက်နှိပ်ပါ။ အဲဒါဆိုရင်တော့ ပုံ – ၆ မှာပြ ထားသလိုမျိုး အနီရောင် အနုတ်လက္ခဏာပုံစံ ပြောင်းသွားပါမယ်။ Screen Recording ဆိုတဲ့ စာသား ညာဘက်က မျဉ်းတိုသုံးခုကို နှိပ်လိုက်မယ်ဆိုရင်တော့ မိမိအနေနဲ့ Screen recording ခလုတ် Control Center မှာ မိမိစိတ်ကြိုက် နေရာမှာ ရွေ့ချယ်ထားဖို့ စနစ်ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။

ခုဆိုရင်လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးပြီဖြစ်တဲ့အတွက် ဖုန်းမှာ Screen record ကို အလွယ်တကူ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းမြင်ကွင်းရဲ့အောက်ခြေမြင်ကွင်းကနေ အပေါ်ကို ပွတ်ဆွဲပြီး Control Center ကို ဖွင့်လိုက်ပါ။

အဲလိုဖွင့်လိုက်ရင်တော့ Control Center ထဲမှာ record icon တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဲဒီ icon ကို နှိပ်လိုက်မယ်ဆိုရင်တော့ ၃-၂-၁ ဆိုပြီး ၃ စက္ကန့်အတွင်း record စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ အသံပါထည့်သွင်း ပြီး record လုပ်မယ်ဆိုရင်တော့ Screen record icon ကို pop-up menu ပေါ်လာတဲ့အထိ စက္ကန့်အနည်းငယ် ဖိနှိပ်ထားရမှာဖြစ်ပါတယ်။ pop-up menu ပေါ်လာ ရင်တော့ မိုက်ပုံစံ icon ကို နှိပ်ပြီး အသံပါ record လုပ်ဖမ်းယူထားနိုင်မှာ ဖြစ်ပါတယ်။

သတိပြုရမှာက အသံ record လုပ်ဖမ်းယူတာက ဖုန်းထဲက အသံတွေသာမကဘဲ မိမိပြောသမျှအသံတွေနဲ့ ပတ်ဝန်းကျင် အသံတွေကိုလည်း ဖမ်းယူနေမှာဖြစ်တဲ့အတွက် မိမိအတွက် မလိုလားအပ်တဲ့ အသံတွေ ရောထွေးမှုမရှိအောင် ဂရုစိုက်သင့်ပါတယ်။

-ရဲထွဋ်ဝင်း