April 22, 2018

iPad 3 နှင့် iPad Mini တို့ကိုငှားရမ်းအသုံးပြုနိုင်မည်

၉၅ ရာခိုင်နှုန်း အသစ်နီးပါးရှိတဲ့ iPad 3 နှင့် iPad Mini ကို တစ်ရက်တစ်ထောင်ကျပ်နှုန်းနဲ့ ငှားရမ်းအသုံးပြု နိုင်မယ်လို့ STRAWBERRY Crop ကသိရပါတယ်။

အထူးပရိုမိုးရှင်းကာလကို ဒီဇင်ဘာ ၃၁ အထိသတ်မှတ်ပေးထားပြီး ငှားရန်းအသုံးပြုတဲ့ သူအနေနဲ့ ဝန်ထမ်းဖြစ်ပါက အထက်အကြီးအကဲရဲ့ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာကတ်ပြသပြီး ၃ ရက်အထိ ငှားရမ်းနိုင်မယ်လို့ သိရပါ တယ်။ ဝန်ထမ်းမဟုတ်ပါက အိမ်ထောင်စုစာရင်း၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ ယူလာရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်လကို ၆၉,၀၀၀ ကျပ်နှုန်းပေးသွင်းကာ ငှားယူထားပြီး ၃ လပြည့်ပြီးပါက နောက်ထပ် ၆၉,၀၀၀ ကျပ် ထပ်မံပေးသွင်းကာ အပိုင်ရယူနိုင်မှာဖြစ်ပါတယ်။ မဝယ်ယူပဲထပ်မံငှားရမ်းချင်ရင်တယ်ဆိုရင် တော့ သက်တမ်းတိုးကြေး ၂၅,၀၀၀ ကျပ် ထံမံပေးသွင်းငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အပလီကေးရှင်းတွေကို ထည့်သွင်းပေးမှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း ၀၉ ၉၅၁၈၅၄၄၄၀ သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း