July 15, 2018

iPad အတြက္ Photoshop Full Version ကို ၂၀၁၉ မွာ မိတ္ဆက္မယ့္ Adobe

[Zawgyi]

Adobe အေနနဲ႔ iPad အတြက္ Photoshop “full version” ကို ၂၀၁၉ ခုႏွစ္မွာ မိတ္ဆက္သြားမယ္လို႔ Bloomberg ရဲ႕ Mark Gurman နဲ႔ Nico Grant တို႔က ေဖာ္ျပခဲ့ပါတယ္။ Adobe ဟာ အဆိုပါ app ကို ေအာက္တိုဘာလမွာက်င္းပမယ့္ MAX creative ကြန္ဖရင့္စ္မွာ အျမည္းသေဘာျပသြားမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

Adobe ရဲ႕ Creative Cloud software အႀကီးအကဲျဖစ္သူ Scott Belsky က ကုမၸဏီအေနနဲ႔ Photoshop နဲ႔ အျခား app ေတြရဲ႕ cross-platform version သစ္တစ္ခုကို ဖန္တီးေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ မိတ္ဆက္မယ့္ အခ်ိန္အတိအက်ကိုေျပာဖို႔ ျငင္းဆိုခဲ့ပါတယ္။

“ကၽြန္ေတာ့္ရဲ႕စိတ္ကူးကေတာ့ ဒီ app ေတြကို ေစ်းကြက္ထဲ တတ္ႏိုင္သေလာက္ အျမန္ဆံုး ေရာက္ရိွဖို႔ပါ။ ထုတ္ကုန္တစ္ခုကို Photoshop လို ဆန္းျပားၿပီး စြမ္းေဆာင္ရည္ျမင့္မားေအာင္ ဖန္တီးဖို႔နဲ႔ iPad လို ေခတ္မီထုတ္ကုန္တစ္ခုေပၚမွာ အလုပ္လုပ္ေအာင္ ျပဳလုပ္ဖို႔က လိုအပ္ခ်က္ေတြ အမ်ားႀကီး ရိွပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ထုတ္ကုန္ေတြကို cloud-first ပူးေပါင္းေဆာင္ရြက္တဲ့ေခတ္ထဲ သယ္ေဆာင္လာႏိုင္ဖို႔ လိုပါတယ္” လို႔ Belsky က အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

Adobe ဟာ basic retouching အတြက္ Photoshop Fix, basic photo editing and creating အတြက္ Photoshop Express, drawing and painting အတြက္ Photoshop Sketch နဲ႔ multilayered image ေတြဖန္တီးဖို႔အတြက္ Photoshop Mix အပါအဝင္ iPhone နဲ႔ iPad ေပၚမွာသံုးႏိုင္တဲ့ Photoshop companion app အမ်ိဳးမ်ိဳးကို ေထာက္ပံ့ထားၿပီး ျဖစ္ပါတယ္။

iPad အတြက္ Photoshop full version ဟာ သံုးစြဲသူေတြက Photoshop desktop မွာ ပေရာဂ်က္တစ္ခုကို စတင္ၿပီးေနာက္ tablet ေပၚကေန edit ဆက္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီ app ဟာ Mac နဲ႔ PC အတြက္ desktop version လိုမဟုတ္ဘဲ “mobile-friendly interface” တစ္ခုပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: MacRumors

-ေနာင္ေနာင္

[Unicode]

Adobe အနေနဲ့ iPad အတွက် Photoshop “full version” ကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်သွားမယ်လို့ Bloomberg ရဲ့ Mark Gurman နဲ့ Nico Grant တို့က ဖော်ပြခဲ့ပါတယ်။ Adobe ဟာ အဆိုပါ app ကို အောက်တိုဘာလမှာကျင်းပမယ့် MAX creative ကွန်ဖရင့်စ်မှာ အမြည်းသဘောပြသွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Adobe ရဲ့ Creative Cloud software အကြီးအကဲဖြစ်သူ Scott Belsky က ကုမ္ပဏီအနေနဲ့ Photoshop နဲ့ အခြား app တွေရဲ့ cross-platform version သစ်တစ်ခုကို ဖန်တီးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မိတ်ဆက်မယ့် အချိန်အတိအကျကိုပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

“ကျွန်တော့်ရဲ့စိတ်ကူးကတော့ ဒီ app တွေကို စျေးကွက်ထဲ တတ်နိုင်သလောက် အမြန်ဆုံး ရောက်ရှိဖို့ပါ။ ထုတ်ကုန်တစ်ခုကို Photoshop လို ဆန်းပြားပြီး စွမ်းဆောင်ရည်မြင့်မားအောင် ဖန်တီးဖို့နဲ့ iPad လို ခေတ်မီထုတ်ကုန်တစ်ခုပေါ်မှာ အလုပ်လုပ်အောင် ပြုလုပ်ဖို့က လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို cloud-first ပူးပေါင်းဆောင်ရွက်တဲ့ခေတ်ထဲ သယ်ဆောင်လာနိုင်ဖို့ လိုပါတယ်” လို့ Belsky က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Adobe ဟာ basic retouching အတွက် Photoshop Fix, basic photo editing and creating အတွက် Photoshop Express, drawing and painting အတွက် Photoshop Sketch နဲ့ multilayered image တွေဖန်တီးဖို့အတွက် Photoshop Mix အပါအဝင် iPhone နဲ့ iPad ပေါ်မှာသုံးနိုင်တဲ့ Photoshop companion app အမျိုးမျိုးကို ထောက်ပံ့ထားပြီး ဖြစ်ပါတယ်။

iPad အတွက် Photoshop full version ဟာ သုံးစွဲသူတွေက Photoshop desktop မှာ ပရောဂျက်တစ်ခုကို စတင်ပြီးနောက် tablet ပေါ်ကနေ edit ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ app ဟာ Mac နဲ့ PC အတွက် desktop version လိုမဟုတ်ဘဲ “mobile-friendly interface” တစ်ခုပါဝင်လာမယ်လို့ သိရပါတယ်။

Ref: MacRumors

-နောင်နောင်