September 24, 2017

iOS 10.3 နဲ့အထက်ဖုန်းမှာ iCloud အကောင့်ကို Sign out ဘယ်လိုလုပ်မလဲ

ခုနောက်ဆုံး ထွက်ရှိထားတဲ့ iOS 10.3 နဲ့အထက်ဖုန်းမှာ iCloud အကောင့်ကို Sign out လုပ်တာက အရင်ထွက်ရှိခဲ့တဲ့ Version တွေနဲ့ အနည်းငယ် ကွဲပြားခြားနားမှု ရှိပါတယ်။ နောက်ပြီး Apple ID banner အသစ်လည်း ပါဝင်လာပါသေးတယ်။

ခုဖော်ပြပေးမယ့် နည်းကတော့ iPhone နဲ့ iPad နှစ်မျိုးစလုံးအတွက် ဖြစ်ပါတယ်။

iOS 10.3 ရဲ့ iCloud အ ကောင့်ကို Sign out လုပ်ဖို့အတွက် အရင်ဆုံး ဖုန်းထဲက Settings ကို နှိပ်ပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ အပေါ်ဆုံးက Apple ID banner  ကို နှိပ်ပါ။

Apple ID banner ကိုနှိပ်ပြီး မြင်ကွင်းရဲ့ အောက်ဆုံးနားကို သွားလိုက်ပါ။ အောက်ဆုံးနားမှာရှိတဲ့ Sign Out ဆိုတာနှိပ်ပါ။

Sign Out ကိုနှိပ်လိုက်ရင် တော့ အဖြူရောင်ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး ကိုယ့်မှာ  iCloud, iTunes နဲ့ App Stores စတဲ့ တစ်ခုထက်ပိုတဲ့ အကောင့်တွေ ရှိနေရင် Sign out of iCloud ဆိုတဲ့ စာသားကို ရွေးပေးပါ။

ဖုန်းကနေ iCloud Apple ID အတွက် password တောင်းတဲ့ ဘောက်တစ်ခု ပေါ်လာမှာဖြစ်တဲ့အတွက် password ကို ထည့်ပေး လိုက်ပါ။

ပြီးရင်တော့ Turn Off ကိုနှိပ် ပြီး ထွက်လိုက်ပါ။

Turn off ကို နှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ အကောင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိမ်းထားမလား ဆိုတာကို မေး
မှာဖြစ်ပြီး ကိုယ့်အနေနဲ့ အချက်အလက်တွေကို သိမ်းထားဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ဖော်ပြပေး ထားတဲ့ ခလုတ်နှစ်ခုလုံးကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက Sign Out ဆိုတာကို နှိပ်ပေးပါ။

Sign Out ကို နှိပ်လိုက်ရင်တော့ iCloud အကောင့်ကို Sign Out လုပ်မှာ သေချာလားဆိုတဲ့ Confirm လုပ်တဲ့ ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး Sign Out ကို ထပ်နှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ iOS 10.3 မှာ iCloud အကောင့်ကို Sign Out လုပ်ခြင်းပြီးဆုံးပြီပဲဖြစ်ပါတယ်။

ဆက်ပြီးတော့ iOS 10.2.1 နဲ့ သူ့ထက် နိမ့်တဲ့ version တွေ အတွက် iCloud အကောင့် Sign Out လုပ်တာကို ဆက်လက်ဖော်ပေး သွားပါမယ်

ဖုန်းကနေ Settings ကို ၀င် လိုက်ပါ။

ပြီးရင်တော့ iCloud ကို ရှာပြီး နှိပ်ပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ အောက်ဖက်နားထိ သွားလိုက်ပြီး Sign Out ဆိုတာကို နှိပ်ပါ။

ဘောက်တစ်ခု ပွင့်လာမှာ ပွင့်လာမှာဖြစ်ပြီး Sign Out ဆိုတာကို ထပ်ရွေးနှိပ်ပါ။

Sign Out ကို ထပ်နှိပ်လိုက်ရင်တော့ ဘောက်တစ်ခု ထပ်ပေါ်လာမှာဖြစ်ပြီး Delete from My iPhone ကို နှိပ်လိုက်ပါ။

Delete from My iPhone ဆိုတာကို နှိပ်လိုက်ရင်တော့ ဖုန်းထဲက iCloud calendars, Safari, reminders နဲ့ contacts တွေကို ဖျက်ပစ်မလား၊ သိမ်းထားမလားဆိုပြီး မေးခွန်းတစ်ခု ပေါ်လာမှာဖြစ်ပြီး ကိုယ့်အနေနဲ့ သိမ်းထားမယ်ဆိုရင် Keep on My iPhone ကို ရွေးပေးရမှာဖြစ်ပြီး ဖျက်ပစ်မယ်ဆိုရင်တော့ Delete from My iPhone ကို နှိပ်လိုက်ပေးပါ။

အဲလိုရွေးပေး ပြီးရင်တော့ ဖုန်းကနေ iCloud password ကို တောင်းမှာဖြစ်ပြီး password ကို ထည့်ပေးလိုက်ပါ။

ပြီးရင်တော့ Turn Off ကို နှိပ်ပါ။

ဒါဆိုရင်တော့ ဖုန်းထဲကနေ iCloud အကောင့်ကို Sign Out လုပ်ပြီးပြီပဲ ဖြစ်ပါတယ်။