iOS အတွက် Google Assistant app ကို 2017 Google I/O တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ

Google ရဲ့ voice command digital assistant ကို Apple iOS အတွက် မကြာမီ ဖြန့်ချိသွားမယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ တရားဝင်မိတ်ဆက်မှုကို မေလ ၁၇ ရက်မှာကျင်းပမယ့် 2017 Google I/O developer conference မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းဟာ Android Police က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းမှာ Google Assistant iOS version နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မဖော်ပြထားပေမယ့် Assistant ရဲ့ Google Allo version မှာပါဝင်တဲ့ chat function တွေပေါင်းစပ်ပါဝင်မယ်လို့ ဆိုထားပါတယ်။

Google ဟာ Google Assistant ကို ၂၀၁၆ အောက်တိုဘာလက Android 7.0 Nougat, Pixel နဲ့ Pixel XL စမတ်ဖုန်းတို့နဲ့အတူ ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Assistant ကို Android Marshmallow နဲ့ Nougat စမတ်ဖုန်းအားလုံး အပါအဝင် ထုတ်ကုန်အများအပြားမှာ တိုးချဲ့ဖြန့်ချိပေးခဲ့ပါတယ်။ ဒီ digital assistant ကို Android TV အချို့အတွက် ဖြန့်ချိပေးထားပြီး car infotaiment စနစ်အချို့ရဲ့ Android မှာလည်း built in ထည့်သွင်းပေးသွားမယ်လို့ ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့ပါတယ်။

Ref: AndroidAutority