October 18, 2017

International Education Fair Myanmar 2017 ကျင်းပမည်

International Education Fair Myanmar 2017 ကိုဇွန်လ ၉ ရက်ကနေ ၁၁ ရက်ထိ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲမှာ Pre-school မှစတင်ကာ ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့် ပညာသင်ဆုတွေပေးအပ်မယ့်အပြင် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များနှင့် တိုက်ရိုက်ထိတွေ့နိုင်မယ့် အခွင့်အလမ်းတွေ၊ ဥရောပသမဂ္ဂကနေပေးအပ်မယ့် ပညာသင်ဆုအကြောင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဥရောပသမဂ္ဂနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်းပဟေဠိတွေ၊ ဥရောပသမဂ္ဂကနေ ပေးအပ်မယ့် အထူးလက်ဆောင်တွေ အစရှိတဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးမှာဖြစ်ပြီး ဆရာကြီးခင်မောင်ညို (ဘောဂဗေဒ) နှင့် သက်ဆိုင်ရာ ပညာရှင်ကြီးများက နေ့စဉ် ပညာရပ်အလိုက် ဟောပြောဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး http://miecf.net/pre-register-form.html တွင် Online register ပြုလုပ်နိုင်ပါတယ်။ Online register ပြုလုပ်သူတွေကို Samsung Tab S2 အပါအ၀င် အိမ်သုံး လျှပ်စစ်ပစ္စည်းများစွာကို ကံထူးရှင်အဖြစ် ရွေးချယ်ပေးသွားမှာဖြစ်ပြီး ပြပွဲကိုတက်ရောက်လေ့လာ သူတွေအတွက်လည်း နေ့စဉ်မိုဘိုင်း ဟန်းဆက်များစွာကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

-သန္တာ