November 18, 2017

Instant Articles အထောက်အပံ့ကို Messenger ကနေဖယ်ရှားလိုက်တဲ့ Facebook

Facebook ဟာ Messenger ကနေ Instant Articles platform ကို ဖယ်ရှားခဲ့ပါတယ်။ Facebook အနေနဲ့ Instant Articles ကို ပထမဆုံး မိတ်ဆက်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ Messenger ကနေ ဖယ်ရှားခဲ့တာဖြစ်တယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ Instant Articles ကို Facebook က ၂၀၁၅ ခုနှစ်မှာ မိုဘိုင်း feature တစ်ခုအဖြစ် မိတ်ဆက်ခဲ့ပါတယ်။ Instant Articles ဆိုတာကတော့ သတင်းထုတ်ဝေသူက Facebook လူမှုရေးကွန်ရက်ပေါ်မှာ သုံးစွဲသူအမြောက်အမြားဆီ content တွေကို ဝေမျှနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးတွေဟာ သာမန် link ထက် ဆယ်ဆ မြန်ဆန်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်ပိုင်း အားနည်းမှုကြောင့် Instant Articles အနေနဲ့ တိုးတက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

“Instant Articles ကို မွမ်းမံအဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ လူတွေနဲ့ ထုတ်ဝေသူတွေအတွက် ထိရောက်စေဖို့ စီစဉ်နေပါတယ်။ Facebook ပင်မ app အတွင်း Instant Articles ကို အာရုံစိုက်လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ Messenger မှာ Instant Articles ထောက်ပံ့မှုကို ဖယ်ရှားသွားမှာပါ” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက TechCrunch ကိုပြောခဲ့ပါတယ်။

သတင်းတွေ ဖတ်ရှုဖို့ bot ထောင်ပေါင်းများစွာနဲ့ channel တစ်ခု Messenger မှာရှိတယ်လို့ သူက ပြောခဲ့ပါသေးတယ်။ အဲဒီ bot တွေထဲမှာ သတင်းထုတ်ဝေသူတွေဆီက bot တွေလည်း ရှိပါတယ်။

Facebook အနေနဲ့ Instant Articles အသုံးပြုပြီး ဝင်ငွေရှာဖွေရာမှာ အခက်အခဲတွေရှိပါတယ်။ The New York Times နဲ့ The Wall Street Journal အပါအဝင် အဓိကထုတ်ဝေသူတွေက လစဉ်ကြေးသွင်းပြီး ဖတ်ရှုသူတွေဆုံးရှုံးမှာ စိုးရိမ်နေတဲ့အတွက် Instant Articles ကိုလျစ်လျူရှုခဲ့ကြပါတယ်။ Facebook က Instant Articles ကို ထိန်းသိမ်းဖို့အတွက် Google AMP ထောက်ပံ့မှုကို မေလမှာ ထည့်သွင်းခဲ့ပါတယ်။

စိုးထက်
Ref: TheVerge