September 26, 2017

Injustice 2

Developer: NetherRealm Studios

Publisher: Warner Bros. Interactive Entertainment

Genre: Versus, Fighting

Platforms: PC, PS4, Xbox One

Release Date: May 16, 2017

Gameplay – 9.5

Story – 8

Graphics – 9

Presentation – 8.5

Final Score – 9 out of 10

Injustice 2 ဟာ ၂၀၁၃ အတွင်းကထွက်ရှိခဲ့ပြီး Comics ပရိသတ်တွေကြားမှာရော Versus Fighting ဂိမ်းတွေ နှစ်သက်သူတွေ ကြားမှာပါ အောင်မြင်ခဲ့တဲ့ Injustice: Gods Among Us ဂိမ်းရဲ့ တိုက်ရိုက်အဆက်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ graphics, gameplay features အသစ်တွေ၊ ဇာတ်ကောင် အသစ်တွေနဲ့ gameplay စနစ်အသစ်တို့ ပါဝင်လာတာကို တွေ့ရပါတယ်။ Concept arts နဲ့ Trailer တွေ ထွက်ရှိချိန်ကတည်းက DC Comics ပရိသတ်တွေရော Fighting ဂိမ်းပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ပထမ Injustice ရဲ့ Ultimate Edition မှာတော့ Warner Bros. Interactive Entertainment နဲ့ NetherRealm Studio တို့က နောက်ပိုင်းထွက်ရှိလာတဲ့ Movies တွေ၊ TV Series တွေမှာ လူစိတ်ဝင်စားမှု များလာတဲ့ ဇာတ်ကောင်သစ်တွေကို ထပ်ပြီးမိတ်ဆက် ပေးခဲ့သလိုပဲ အခု Injustice 2 မှာဆိုရင်လည်း Arrowverse မှာ အဓိက ပါဝင်ထားတဲ့ ဇာတ်ကောင်တွေနဲ့ Comics main title တွေမှာ ပါဝင်လာတဲ့ ဇာတ်ကောင်တွေကို ပိုထည့်ပေးလာတာ တွေ့ရမှာပါ။

Injustice ပထမဂိမ်းရဲ့ Story mode မှာတော့ Alternate dimension က Superman ဟာ The Joker ရဲ့ စိတ်ထိန်းချုပ်မှုကြောင့် မိမိချစ်သူ Louis Lane ကို သတ်မိသလို Metropolis မြို့ကိုလည်း ဖျက်ဆီးမိခဲ့တဲ့အတွက် Joker ကို ကိုယ်တိုင်သတ်ပစ်လိုက်ပြီး တစ်ကမ္ဘာလုံးကို အုပ်ချုပ်သူ အာဏာရှင်အဖြစ် ပြောင်းလဲသွားတဲ့ အတွက်ကြောင့် Batman, Aquaman, Green Lantern နဲ့ Wonder Woman တို့လို Superheroes တွေက ယခင်၎င်းတို့ရဲ့ ရန်သူတော်များဖြင့်ပါ ပူးပေါင်းပြီး Superman နဲ့သူ၏ လက်အောက်မှ Superheroes များကို တိုက်ခိုက်ပြီးတော့ Superman ကို လမ်းမှန်ပြန်ရောက်အောင် ကြိုးပမ်းရမှာပါ။ ဒုတိယဂိမ်းမှာတော့ Batman ဦးဆောင်တဲ့ အဖွဲ့ဝင်တွေ အနေ နှင့် Superman ကို ဖမ်းဆီးချုပ်နှောင်နိုင်ခဲ့ပြီး ကမ္ဘာမြေကို ပြန်လည် ပြုပြင်ပျိုးထောင်နေချိန်မှာ “The Society” လို့ အမည်ပေးထားတဲ့ supervillain အဖွဲ့နှင့် Brainiac တို့ရဲ့ရန်ကြောင့် Superman ရဲ့ အကူအညီကိုပြန်ယူပြီး ရန်သူတွေကို တိုက်ခိုက်ရပုံ ဇာတ်လမ်းသစ် ပါဝင်ထားပါတယ်။

ထုံးစံအတိုင်း မပါမဖြစ် ဇာတ်ကောင်တွေဖြစ်တဲ့ Aquaman, Batman, Superman, Flash, Wonder Woman တို့လို ဇာတ်ကောင်တွေအပြင် ရုပ်ရှင်နဲ့ TV series တွေမှာ နေရာပိုရလာတဲ့ ဇာတ်ကောင်အသစ်တွေအဖြစ် Captain Cold, Deadshot, Firestorm, Gorilla Grodd, Black Canary နဲ့အတူ Mortal Kombat ဂိမ်းစီးရီးထဲက Sub-Zero တောင် ပါဝင်ဦးမှာပါ။ မူလပါဝင်ပြီးသား ဇာတ်ကောင်တွေ အတွက်လည်း Comic Book Series မျိုးစုံ၊ ဝတ်စုံနဲ့ ဇာတ်ကောင် ဒီဇိုင်းစုံကို အခြေခံထားတဲ့ Costume/Character Skins ဒီဇိုင်းသစ်တွေ အများကြီး ပါဝင်ထားသလို abilities နဲ့ stats တွေအပြင် ဇာတ်ကောင်တွေကို ပိုဆန်းသွားစေမယ့် experience points စနစ်အသားပေး Gear System လည်း ပါဝင်လာပါတယ်။

Gameplay ပိုင်းဟာ 3D Character တွေကို ဘေးတိုက် 2D plane ပေါ်မှာ ကစားရမှာ ဖြစ်ပါတယ်။ အဓိက attack button သုံးခုကို light ၊ medium နဲ့ heavy ဆိုပြီး ခွဲထားကာ Hero/Villain တစ်ယောက်ချင်းဆီရဲ့ ကိုယ်ပိုင် တိုက်ကွက်တွေ ပါဝင်သလို ပတ်ဝန်းကျင်က items တွေကိုလည်း ကောက်ယူတိုက်ခိုက်လို့ ရပါတယ်။ background level တွေအနေနဲ့လည်း တိုက်ခိုက်နေရင်း နေရာမျိုးစုံ ပြောင်းလဲနိုင်မှာပါ။ ပထမဂိမ်းကထက် Graphics ပိုင်းအများကြီး အဆင့်မြင့် တင်ထားသလို Gear System ကြောင့် ပိုမိုဆန်းပြားတဲ့ ဒီဇိုင်းသစ်တွေ အများကြီး တွေ့ရဦးမှာပါ။ PS4 version အတွက် touchpad features၊ video sharing/streaming features တွေ ပါဝင်ထားပါတယ်။

Injustice 2 ဟာ multiplayer ပိုင်းအများကြီး မဆော့ဖြစ်ရင်တောင် စိတ်ဝင်စားဖို့ကောင်းတဲ့ Story mode ပါဝင်ထားတဲ့ အတွက် Superheroes ပရိသတ်တွေ သေချာပေါက် အကြိုက်တွေ့မယ့်ဂိမ်းသစ် ဖြစ်ပါတယ်။

-နေအောင်လတ်