June 24, 2018

ID နံပါတ္ တစ္ခုခ်င္းစီျဖင့္ Database တည္ေဆာက္ျခင္းကိုဦးစားေပးလုပ္ငန္းအျဖစ္ ေဆာင္႐ြက္လ်က္ရွိ

[ Zawgyi ]

ID နံပါတ္ တစ္ခုခ်င္းစီနဲ႔ Database တည္ေဆာက္ျခင္းကို ဦးစားေပးလုပ္ငန္းအျဖစ္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

နည္းပညာအသုံးျပဳၿပီး ႏိုင္ငံအတြင္းေနထိုင္သူ တစ္ဦးခ်င္းစီရဲ႕ ကိုယ္ေရးအခ်က္အလက္ (Biographic Data) နဲ႔ လက္ေဗြ၊ မ်က္ၾကည္လႊာ၊ မ်က္ႏွာဓာတ္ပုံ၊ Biometric Data ေတြကို သိမ္းဆည္းၿပီးမွ လူတစ္ဦးခ်င္းစီအတြက္ Unit ID Number တစ္ခုစီေပးၿပီး Database မွာ မွတ္တမ္းတင္ ထိန္းသိမ္း ထားျခင္းလုပ္ငန္းေတြကို ပထမအဆင့္အေနနဲ႔ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ျပည္ေတာင္စုဝန္ႀကီး ဦးသိန္းေဆြကေျပာပါတယ္။ ဇြန္လ ၁၃ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံအတြင္း ေနထိုင္သူအားလုံးအား ID နံပါတ္တစ္ခုခ်င္းစီျဖင့္ Database တည္ေဆာက္ျခင္းကို ဦးစားေပးေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းမႈနဲ႔ပတ္သက္လို႔ ေျဖၾကားရာမွာ ထည့္သြင္းေျဖၾကားခဲ့တာျဖစ္ပါတယ္။

မွတ္တမ္း တင္ၿပီးသူေတြကို ႏိုင္ငံသားဥပေဒနဲ႔ အညီ စိစစ္ၿပီး ႏိုင္ငံသား စိစစ္ေရးကတ္ေတြ ကို Smart Card အျဖစ္ ေျပာင္းလဲထုတ္ေပးျခင္း လုပ္ငန္းေတြကို ဒုတိယအဆင့္အေနနဲ႔ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ID နံပါတ် တစ်ခုချင်းစီနဲ့ Database တည်ဆောက်ခြင်းကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

နည်းပညာအသုံးပြုပြီး နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် (Biographic Data) နဲ့ လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံ၊ Biometric Data တွေကို သိမ်းဆည်းပြီးမှ လူတစ်ဦးချင်းစီအတွက် Unit ID Number တစ်ခုစီပေးပြီး Database မှာ မှတ်တမ်းတင် ထိန်းသိမ်း ထားခြင်းလုပ်ငန်းတွေကို ပထမအဆင့်အနေနဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်တောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံအတွင်း နေထိုင်သူအားလုံးအား ID နံပါတ်တစ်ခုချင်းစီဖြင့် Database တည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုနဲ့ပတ်သက်လို့ ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

မှတ်တမ်း တင်ပြီးသူတွေကို နိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်တွေ ကို Smart Card အဖြစ် ပြောင်းလဲထုတ်ပေးခြင်း လုပ်ငန်းတွေကို ဒုတိယအဆင့်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း