December 14, 2017

Hugin 2017 ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Huginဆိုတဲ့ ဆော့ဖ်ဝဲ ကတော့ Ubuntu OS မှာ panorama ပုံတွေကို ဖန်တီးဖို့အတွက် ထည့်သွင်းသုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲအမျိုးအစား တစ်ခုဖြစ်ပါတယ်။ Hugin 2017 ကို Ubuntu OS 16.04 ကနေ နောက်ပိုင်းထွက်ရှိထားတဲ့ version တွေမှာ ထည့်သွင်းသုံးစွဲ ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Hugin 2017ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ
sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာဖြစ်ပါ တယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

Hugin 2017ကိုUbuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:hugin/hugin-builds

sudo apt-get update

sudo apt-get install hugin

ဆိုတဲ့ command တွေကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ တကယ်လို့ အဆိုပါ Hugin ကို ထပ်မံမသုံးစွဲချင်တော့လို့ ပြန်ဖြုတ်ချင်တယ်ဆိုရင်

sudo apt-get remove hugin

sudo apt-get install ppa-purge

sudoppa-purge ppa:

hugin/hugin-builds

ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ