December 12, 2017

Huawei P11 ကျောဘက်တွင် ကင်မရာသုံးခု ပါဝင်မည်ဟုဆို

ကုမ္ပဏီရဲ့ flagship တွေနဲ့ mid-range ထုတ်ကုန်တွေမှာ dual rear camera စနစ်တွေကို အသုံးပြုခဲ့တဲ့ Huawei ဟာ ကုမ္ပဏီရဲ့ P-series စမတ်ဖုန်းသစ်ဖြစ်တဲ့ P11 ရဲ့ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်သွားမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ်။

အဲ့ဒီ ကင်မရာစနစ်ဟာ 40MP ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်သလို 5x “hybrid zooming” ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Selfie ကိုလည်း low light enhancement နဲ့အတူ 24MP ဓာတ်ပုံတွေနဲ့ ရိုက်ကူးပေးနိုင်တယ်လို့ ဆိုပါတယ်။

ပင်မကင်မရာရဲ့ Leica အမှတ်တံဆိပ် မှန်ဘီလူးက အလင်းကို ၁၀၀ ရာခိုင်နှုန်း ပိုမိုဖမ်းယူနိုင်ပြီး Pro Night Mode က tripod မလိုဘဲ အလွန်လှပတဲ့ ညမြင်ကွင်းတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် camera app က instant scene recognition နဲ့ auto framing ကို လုပ်ဆောင်ဖို့အတွက် AI ကိုအသုံးပြုထားတယ်လို့လည်း ဆိုပါတယ်။

ဒီအချက်အလက်အားလုံးဟာ ကုမ္ပဏီရဲ့ creative အေဂျင်စီတစ်ခုကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena