November 18, 2017

Huawei Nova 2i

Price : 369,000 ks

အားသာချက်

ကင်မရာပိုင်းမှာ ရှေ့ကင်မရာ နှစ်လုံးနဲ့ နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်လာခြင်းက ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး ကင်မရာရဲ့ အရည်အသွေး ကောင်းမွန်ခြင်းကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့အချက် လို့ဆိုရမှာပါ။ မျက်နှာပြင် အပြည့် ပုံစံမျိုးဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏ မြင့်မားခြင်း တွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ ဖုန်းရဲ့ Specification ပိုင်းတွေ ကောင်းမွန်ပြီး ဈေးနှုန်းကလည်း အလယ်အလတ်ဖုန်းမျိုးဖြစ်နေ တဲ့အချက်ကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

Sim Card နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးလို့ရမှာပါ။ Sim Card ထည့် သွင်းအသုံးပြုတဲ့ Adapter ကလည်း ပျော့ပျောင်းတဲ့ ပလတ်စတစ်သား ကိုအသုံးပြုထားတဲ့အတွက် ထုတ်သွင်းပြုလုပ်ချိန်မှာ အလွယ်တကူကျိုး ပဲ့နိုင်ခြင်းကိုလည်း ဂရုစိုက်ရပါလိမ့်မယ်။

ဒီဇိုင်း

ဒီဇိုင်းကလှပသေသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုး ရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ ဘေးဘောင်တွေပါး လွှာသေးငယ်တဲ့အပြင် မျက်နှာပြင်အပေါ်ဘောင်နဲ့ အောက်ခြေဘောင် တွေကလည်း သေးငယ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်ပေါ်မှာ ခလုတ် တွေ တစ်ခုမှ မပါဘဲတဲ့အတွက် Android Button တွေကို Touch စနစ် နဲ့ပဲ အသုံးပြုရမှာပါ။ ရှေ့ဘက်မျက်နှာပြင်အပေါ်ထိပ်မှာ ကင်မရာနှစ် လုံးတပ်ဆင်ထားပြီး ကျောဘက်ကာဗာအပေါ်နားမှာ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ Fingerprint Sensro ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ ကင်မရာရဲ့ အောက်နားမှာ တပ်ဆင်ပေးထားပါတယ်။ စပီကာ၊ USB နဲ့ နားကြပ်ပေါက်တွေကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာတပ်ဆင် ပေးထားတာပါ။

မြင်ကွင်း

Huawei P10 Plus နဲ့ ဖုန်းအရွယ်အစားချင်း သိပ်မကွာပေမဲ့ မြင်ကွင်း ပိုင်းမှာတော့ Nova 2i က P10 Plus ထပ်ပိုပြီး ကျယ်ဝန်းတဲ့မြင်ကွင်းကို အသုံးပြုထားပါတယ်။ မြင်ကွင်းအရွယ်အစားက ၅.၉ လက်မရှိတဲ့ IPS LCD ကိုအသုံးပြုထားပြီး 1080 x 2160 pixels, 18:9 ratio ရှိပါတယ်။

နည်းပညာ

ကင်မရာပိုင်းမှာ နောက်ဘက်ကင်မရာရော ရှေ့ကင်မရာမှာပါ Portrait Mode စနစ် နဲ့ Flash စနစ်တွေပါဝင်ပါတယ်။ ဓာတ်ပုံအသုံးပြု စနစ်ပိုင်းတွေမှာလည်း Wide Aperture, Moving Capture အစရှိတဲ့စနစ်တွေစုံစုံလင်လင်ထည့်သွင်းပေးထားတာတွေ့ရမှာပါ။ Facebook နဲ့ Messenger ကို အကောင့်နှစ်ခုစီခွဲသုံးနိုင်တဲ့ App Twin, Smart Assistant, Navigation အစရှိတဲ့ စနစ်တွေ စုံစုံလင်လင် ပါဝင်တာတွေ့ရ ပါတယ်။ Fingerprint ကလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက် အပြင် ဓာတ်ပုံတွေ ကြည့်တာ၊ Notification တွေ ခေါ်တဲ့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

Huawei Nova2i ဟာဖုန်းရဲ့ ဈေးနှုန်းနဲ့သူ့ရဲ့ အသုံးပြုနိုင်မှုပုံစံတွေ ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုရမယ့်ဖုန်းဖြစ်ပါတယ်။ ကင်မရာပိုင်းကို အဓိက အသားပေးထားတဲ့ ပုံစံမျိုးရှိနေပြီး ရှေ့ကင်မရာ ရော နောက်ဘက်ကင်မရာကပါ ဓာတ်ပုံရိုက်တဲ့အချိန်မှာကောင်းမွန် တာကိုတွေ့ရမှာပါ။ P10 Series ကင်မရာတွေကို မမီဘူးလို့ဆိုပေမယ့် သူ့ဈေးနဲ့ သူဆိုရင်တော့ Nova2i ရဲ့ကင်မရာတွေက ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ Fingerprint ကလည်း မြန်ဆန်ပြီး မှတ်ဉာဏ်ပိုင်းနဲ့ ဘက်ထရီပိုင်းတွေမှာလည်း ကောင်းမွန်တဲ့အပြင် ဖုန်းထဲမှာအသုံးပြုနိုင် တဲ့ Settings စနစ်တွေကလည်း စုံလင်တာတွေ့ရမှာပါ။

Network – GSM – 2G/ 3G/ 4G
SIM Dual – SIM (Nano Sim, Dual Stand-by)
OS – Android 7.1
CPU – Octa-core (4×2.36 GHz & 4×1.7 GHz )
GPU – Mali-T830 MP2
Memory – Internal 64GB, 4GB RAM, Micro SD 256GB
Camera – Dual 16 MP + 2 MP, phase detection autofocus, LED flash Geo-tagging, touch focus, face/smile detection, panorama, HDR, Video, Secondary Dual 13 MP, f/2.0 + 2 MP
Wi-Fi – 802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3340 mAh Battery

သူတို့အမြင်

ကိုအာကာအောင်ဆန်းဦး (စမ်းသပ်အသုံးပြုသူ)

Nova2i ကိုတော့သဘောကျတယ်။ ဒီဇိုင်းလည်းလှတယ်။ ခု 2017 နှစ်ကုန်ပိုင်းမှာ မျက်နှာပြင်အပြည့် ဖုန်းတွေထွက်လာတဲ့အချိန်မှာ Huawei ကလည်း မျက်နှာပြင်အပြည့်ဖုန်းကို ဈေးကွက်ထဲပို့ လာတယ်လို့ မြင်မိတယ်။ Screen ပိုင်း၊ Fingerprint ပိုင်းနဲ့ ဖုန်းထဲ မှာသုံးရတဲ့ စနစ်ပိုင်းတွေ တော်တော်လေး ပြည့်ပြည့်စုံစုံရှိပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာရော နောက်ဘက်ကင်မ ရာပါ Dual Camera စနစ်တွေဆိုတော့ ဓာတ်ပုံဝါသနာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာပါပဲ။ Portrait စနစ်နဲ့ Camera Mode တွေကလည်း တော်တော်လေးကောင်းပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ပြောလို့ ရပါတယ်။

ကိုဝေလင်း (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းနဲ့ Memory ပိုင်းမှာတော်တော်လေး အားဖြည့်ထား တဲ့ဖုန်းလို့ ပြောလို့ ရတယ်။ ကင်မရာတွေက ရှေ့ရော နောက်ရော အားလုံးကို ကောင်းအောင်လုပ်ပေးထားတာတွေ့ရတယ်။ အခြား တန်ဖိုးမြင့်ဖုန်းတွေရဲ့ ကင်မရာတွေလို မဟုတ်ဘူးလို့ ဆိုပေမယ့် လည်း သူ့ဈေးနဲ့ သူဆိုရင်တော့ ကင်မရာတွေက တော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ ရတဲ့ အခြေအနေမျိုးရှိတယ်။ မှတ်ဉာဏ် ပိုင်းကလည်း မြင့်တဲ့အပြင် ဘက်ထရီပိုင်းတွေနဲ့ အခြားဖုန်းထဲမှာသုံး တဲ့ စနစ်တွေကလည်း ကောင်းတာတွေ့ရပါတယ်။ Face Recognition စနစ်ပါလာမယ်ဆိုရင် ပိုတောင်ပြည့်စုံလာမယ်ထင် တယ်။ ရှေ့ Screen ပိုင်းနဲ့ ဒီဇိုင်းပိုင်းကလည်း ကောင်းပါတယ်။

မချိုချိုမွန် (စမ်းသပ်အသုံးပြုသူ)

ကင်မရာက တော်တော်လေးကောင်းတယ်။ ရှေ့ကင်မရာက လည်း နောက်ခံ Background တွေကို ဝါးအောင်လုပ်ပြီး ရိုက်လို့ရ တာကို သဘောကျတယ်။ နောက်ဘက်ကင်မရာက Portrait စနစ် ကလည်း တော်တော်လေးကောင်းပါတယ်။ Memory ကလည်း မြင့်တယ်။ Fingerprint ကလည်းကောင်းတယ်။ သူ့ဈေးနဲ့နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ သုံးပျော်ပါတယ်။ ဘက်ထရီကလည်းအသုံး ခံတယ်။ ဒီဇိုင်းလည်းလှလာတယ်။ ရှေ့ဘက်မျက်နှာပြင်အပြည့်ပုံစံ မျိုးဖြစ်နေတာကိုလည်း သဘောကျပါတယ်။

-ကိုသက်