June 23, 2018

Huawei Enjoy 6

[ Zawgyi ]

Price : 149,000

အားသာခ်က္

ေစ်းႏႈန္းသင့္တင့္တဲ့ တန္ဖိုးနည္းဖုန္းျဖစ္ၿပီး ဖုန္းရဲ႕ မွတ္ဉာဏ္ပိုင္း၊ CPU, GPU ပိုင္းေတြမွာသင့္တင့္ေကာင္းမြန္တဲ့ ဖုန္းျဖစ္ပါတယ္။ ဖုန္းမွာ ထည့္သြင္းေပးထားတဲ့ ဘက္ထရီက ပါဝါသိုေလွာင္ႏိုင္မႈပမာဏ ျမင့္မား တဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္ျခင္းကလည္း ဒီဖုန္းရဲ႕အားသာခ်က္တစ္ခုပါပဲ။ OS ပိုင္းေကာင္းမြန္ၿပီး ကင္မရာပိုင္းမွာဆို ရင္လည္း Megapixels ေတြက သင့္တင့္ေကာင္းမြန္ပါတယ္။ Enjoy 6s နဲ႔ ေစ်းႏႈန္းခ်င္းသိပ္မကြာသလို Specification ေတြမွာဆိုရင္လည္း သိပ္မကြာျခားလွေပမယ့္ ဘက္ထရီ ပိုင္းမွာေတာ့ Enjoy 6s ထက္ပိုၿပီးေကာင္းမြန္ပါတယ္။

အားနည္းခ်က္

တန္ဖိုးသင့္ ဖုန္းအမ်ိဳးအစားျဖစ္တဲ့အတြက္ Berometer Sensor နဲ႔ Temperature လို Sensor ေတြကို ဒီဖုန္းမွာ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။ Dual Sim ဖုန္းျဖစ္ေပမယ့္ SD Card အသံုးျပဳမယ္ဆိုရင္ေတာ့ Sim Card တစ္ကတ္ပဲ သံုးလို႔ ရမွာပါ။

ဒီဇိုင္း

႐ိုး႐ိုးရွင္းရွင္းနဲ႔ လွပေသသပ္တဲ့ ပံုစံမ်ိဳး ရွိပါတယ္။ ဖုန္းကိုယ္ထည္ တစ္ခုလံုးကို သတၱဳနဲ႔ ပလတ္စတစ္စပ္ထားတဲ့ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး ကိုင္ တြယ္အသံုးျပဳခ်ိန္မွာေတာ့ ထုထည္နဲ႔ အေလးခ်ိန္ အနည္းငယ္ရွိတယ္လို႔ ခံစားရေစပါတယ္။ ေက်ာဘက္ကာဗာေပၚမွာ Fingerprint Sensor ကိုတပ္ဆင္ေပးထားၿပီး Volume Button နဲ႔ ပါဝါခလုတ္ေတြကေတာ့ ဖုန္းရဲ႕ ညာဘက္ေဘးေဘာင္မွာပါ။ ဖုန္းရဲ႕ ေရွ႕ဘက္ျမင္ကြင္းမ်က္ႏွာ ျပင္ေပၚမွာေတာ့ ခလုတ္တစ္ခုမွမပါပဲ အားလံုးကို Touch စနစ္နဲ႔အသံုး ျပဳရမွာပါ။

ျမင္ကြင္း

၅.၀ လက္မရွိတဲ့ AMOLED Screen ျဖစ္ၿပီး 720 x 1280 Pixels ရွိတဲ့ ပံုမွန္ HD Screen အမ်ိဳးအစားပါ။

နည္းပညာ

Fingerprint ဟာ ဖုန္းလံုၿခံဳေရး အတြက္အျပင္ အျခားစနစ္ေတြအတြက္ပါထိန္းခ်ဳပ္အသံုးျပဳႏိုင္ပါ တယ္။ ကင္မရာပိုင္းမွာလည္း ျမင့္မားတဲ့ ဓာတ္ပံုအသံုးျပဳ စနစ္ေတြမပါ ဝင္ေပမယ့္ ေကာင္းမြန္တဲ့ ဓာတ္ပံု Mode ေတြေတာ့ ပါဝင္တာေတြ႕ရပါ တယ္။ တန္ဖိုးသင့္ ေစ်းႏႈန္း အလယ္အလတ္စားဖုန္းျဖစ္တဲ့အတြက္ ဆန္း သစ္ျမင့္မားတဲ့ နည္းပညာေတြကိုေတာ့ အသံုးျပဳထားတာသိပ္မေတြ႕ရပါ ဘူး။ ကင္မရာအသံုးျပဳျခင္းအပိုင္းေတြမွာေတာ့ ေကာင္းမြန္ေအာင္ျပဳ လုပ္ေပးထားတာေတြ႕ရပါတယ္။

သံုးသပ္ခ်က္

ဖုန္းတစ္ခုလံုးကို ၿခံဳၿပီးသံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ Enjoy 6 ဟာဖုန္းရဲ႕ CPU, GPU အစရွိတဲ့ ဖုန္းတြင္းအသံုးျပဳ Hardware ပိုင္းေတြ မွာသင့္တင့္ေကာင္းမြန္တယ္လို႔ ဆိုႏိုင္တဲ့ဖုန္းပါ။ ကင္မရာပိုင္းမွာဆိုရင္ လည္း ေရွ႕ကင္မရာေရာ ေနာက္ဘက္ကင္မရာကပါ Megapixels ပိုင္း မွာသင့္တင့္တဲ့အေျခအေနမ်ိဳးမွာရွိေနၿပီး Camera Mode ေတြနဲ႔ အသံုး ျပဳႏိုင္တဲ့ ဓာတ္ပံုစနစ္ပိုင္းေတြမွာေတာ့ ေကာင္းမြန္တာေတြ႕ရပါတယ္။ ဘက္ထရီပိုင္းမွာလည္း ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏမ်ားျပားတဲ့ဘက္ထ ရီျဖစ္တဲ့အတြက္ အခ်ိန္ၾကာၾကာ သံုးႏိုင္ပါတယ္။ ဒါေပမဲ့ အားသြင္းျမန္ ဆန္တဲ့ Quick Charger လိုစနစ္ေတြေတာ့ ပါဝင္တာမေတြ႕ရပါဘူး။ Fingerprint ပိုင္းမွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ ေစ်းႏႈန္းအ ရၾကည့္မယ္ဆိုရင္ေတာ့ ဖုန္းရဲ႕ Specification ပိုင္းကအျခား တန္ဖိုးနည္း ဖုန္းေတြနဲ႔ ယွဥ္ႏိုင္သလို ဖုန္းတြင္း Settings ပိုင္း၊ Feature ပိုင္းနဲ႔ ကင္မပိုင္းေတြမွာေတာ့ ဒီဖုန္းက ေကာင္းမြန္တယ္လို႔ ဆိုႏိုင္ပါ တယ္။ Enjoy 6s ထက္ အခ်ိဳ႕ Specification ပိုင္းေတြမွာ အနည္းငယ္ နိမ့္ေပမယ့္ ဘက္ရီပိုင္းမွာေတာ့ ဒီဖုန္းက Enjoy 6s ထက္ပိုၿပီးျမင့္မား ေကာင္းမြန္တာ ေတြ႕ရပါတယ္။

Network – GSM – 2G/ 3G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 6.0
CPU – Octa-core (4×1.4 GHz & 4×1.0 GHz)
GPU – Mali-T860MP2
Memory – Internal 16GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, autofocus, LED flash, Geo- tagging, touch focus, face detection, panorama, Video, Secondary 5 MP
Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth – 4.0, A2DP
Battery – Li-Po 4100 mAh Battery

သူတို႔အျမင္

ကိုေအာင္ေအာင္ (စမ္းသပ္အသံုးျပဳသူ)

တန္ဖိုးနည္း ဖုန္းအမ်ိဳးအစားျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းကေတာ့ သိပ္အျမင့္ႀကီးမဟုတ္ပါဘူး။ ဒီဖုန္းက ဖုန္းရဲ႕ Physical ပိုင္းနဲ႔ Specification ပိုင္းေတြကိုပဲ ၾကည့္မယ္ဆိုရင္ေစ်းနဲ႔ တန္တယ္လို႔ေတာ့ ခံစားရတယ္။ ကင္မရာရဲ႕ Megapixels ေတြနဲ႔ Memory ပိုင္းေတြ၊ ဘက္ထရီပိုင္းေတြက အျခား Mid Range ဖုန္းေတြရဲ႕ Specification ပိုင္းေတြနဲ႔ သိပ္မကြာသလိုပဲ။ ဖုန္းကို တကယ္တမ္း သံုးၾကည့္တဲ့အခ်ိန္မွာလည္း Fingerprint ပိုင္း၊ ကင္မရာ ပိုင္းေတြနဲ႔ ဖုန္းအတြင္းပိုင္း စနစ္ေတြ၊ Settings ပိုင္းေတြကေတာ့ ေကာင္းပါတယ္။ ဘက္ထရီပိုင္းမွာလည္း ဒီဖုန္းကေတာ္ေတာ္ေကာင္း ေအာင္သံုးထားတာေတြ႕ရတယ္။

မခ်ိဳခ်ိဳမာ (စမ္းသပ္အသံုးျပဳသူ)

ဖုန္းရဲ႕ Specification ပိုင္းကေတာ့ အျခားတန္ဖိုးနည္း ဖုန္းေတြနဲ႔ ဘာမွသိပ္ၿပီး ထူးထူးျခားျခားကြာတာမရွိသလိုပဲ။ ဒါေပမဲ့ ဖုန္းရဲ႕ Settings ပိုင္းနဲ႔ အတြင္းပိုင္းမွာ အသံုးျပဳရတဲ့ စနစ္ေတြနဲ႔ ပံုစံ ေတြကတာ့ ေကာင္းပါတယ္။ OS Version ကလည္း ျမင့္ေတာ့စံုစံု လင္လင္သံုးလို႔ ရတယ္။ ကင္မရာပိုင္းမွာဆိုရင္လည္း ေနာက္ဘက္ ကင္မရာရဲ႕ Megapixels ကသင့္တင့္တဲ့အတြက္ ႐ုပ္ထြက္ပိုင္းေကာင္းပါတယ္။ ဘက္ ထရီကလည္း mAh မ်ားတဲ့အျပင္ ဖုန္းရဲ႕ Screen ပိုင္းနဲ႔ CPU ပိုင္း ေတြကလည္း ပါဝါသိပ္မစားေတာ့ ၾကာၾကာအသံုးခံတယ္။

ကိုသန္းထြဋ္ေဇာ္ (စမ္းသပ္အသံုးျပဳသူ)

CPU ပိုင္းနဲ႔ GPU ပိုင္းေတြေကာင္းတဲ့ဖုန္းပါ။ မွတ္ဉာဏ္ပိုင္းမွာ နည္းတယ္လုိ႔ ထင္ရေပမယ့္လည္း RAM 3GB နဲ႔ သူ႔ရဲ႕ CPU ရဲ႕လုပ္ေဆာင္ခ်က္ ေတြက မွ်တတဲ့အတြက္ ဖုန္းကသံုးရတာလည္းေပါ့ေပါ့ပါးပါးရွိပါတယ္။ Fingerprint ကလည္းတုန္႔ျပန္မႈ ျမန္တာေတြ႕ရတယ္။ ကင္မရာပိုင္းမွာဆိုရင္လည္း Megapixels ေတြေရာ Sensor ေတြေရာ ေကာင္းပါတယ္။ SD Card သံုးတဲ့အခ်ိန္မွာ Sim Card က တစ္ကတ္ပဲသံုးလို႔ရ ေတာ့မွာ။ အဲဒါကိုေတာ့ သိပ္သေဘာမက်ဘူး။

-ကိုသက္

===============

[ Unicode ]

Huawei Enjoy 6

===============

Price : 149,000

အားသာချက်

စျေးနှုန်းသင့်တင့်တဲ့ တန်ဖိုးနည်းဖုန်းဖြစ်ပြီး ဖုန်းရဲ့ မှတ်ဉာဏ်ပိုင်း၊ CPU, GPU ပိုင်းတွေမှာသင့်တင့်ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မား တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်ခြင်းကလည်း ဒီဖုန်းရဲ့အားသာချက်တစ်ခုပါပဲ။ OS ပိုင်းကောင်းမွန်ပြီး ကင်မရာပိုင်းမှာဆို ရင်လည်း Megapixels တွေက သင့်တင့်ကောင်းမွန်ပါတယ်။ Enjoy 6s နဲ့ စျေးနှုန်းချင်းသိပ်မကွာသလို Specification တွေမှာဆိုရင်လည်း သိပ်မကွာခြားလှပေမယ့် ဘက်ထရီ ပိုင်းမှာတော့ Enjoy 6s ထက်ပိုပြီးကောင်းမွန်ပါတယ်။

အားနည်းချက်

တန်ဖိုးသင့် ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် Berometer Sensor နဲ့ Temperature လို Sensor တွေကို ဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ ရမှာပါ။

ဒီဇိုင်း

ရိုးရိုးရှင်းရှင်းနဲ့ လှပသေသပ်တဲ့ ပုံစံမျိုး ရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုနဲ့ ပလတ်စတစ်စပ်ထားတဲ့ ကိုယ်ထည်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကိုင် တွယ်အသုံးပြုချိန်မှာတော့ ထုထည်နဲ့ အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ ကျောဘက်ကာဗာပေါ်မှာ Fingerprint Sensor ကိုတပ်ဆင်ပေးထားပြီး Volume Button နဲ့ ပါဝါခလုတ်တွေကတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာပါ။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်းမျက်နှာ ပြင်ပေါ်မှာတော့ ခလုတ်တစ်ခုမှမပါပဲ အားလုံးကို Touch စနစ်နဲ့အသုံး ပြုရမှာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ AMOLED Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ

Fingerprint ဟာ ဖုန်းလုံခြုံရေး အတွက်အပြင် အခြားစနစ်တွေအတွက်ပါထိန်းချုပ်အသုံးပြုနိုင်ပါ တယ်။ ကင်မရာပိုင်းမှာလည်း မြင့်မားတဲ့ ဓာတ်ပုံအသုံးပြု စနစ်တွေမပါ ဝင်ပေမယ့် ကောင်းမွန်တဲ့ ဓာတ်ပုံ Mode တွေတော့ ပါဝင်တာတွေ့ရပါ တယ်။ တန်ဖိုးသင့် စျေးနှုန်း အလယ်အလတ်စားဖုန်းဖြစ်တဲ့အတွက် ဆန်း သစ်မြင့်မားတဲ့ နည်းပညာတွေကိုတော့ အသုံးပြုထားတာသိပ်မတွေ့ရပါ ဘူး။ ကင်မရာအသုံးပြုခြင်းအပိုင်းတွေမှာတော့ ကောင်းမွန်အောင်ပြု လုပ်ပေးထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြံုပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Enjoy 6 ဟာဖုန်းရဲ့ CPU, GPU အစရှိတဲ့ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေ မှာသင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင် လည်း ရှေ့ကင်မရာရော နောက်ဘက်ကင်မရာကပါ Megapixels ပိုင်း မှာသင့်တင့်တဲ့အခြေအနေမျိုးမှာရှိနေပြီး Camera Mode တွေနဲ့ အသုံး ပြုနိုင်တဲ့ ဓာတ်ပုံစနစ်ပိုင်းတွေမှာတော့ ကောင်းမွန်တာတွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏများပြားတဲ့ဘက်ထ ရီဖြစ်တဲ့အတွက် အချိန်ကြာကြာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အားသွင်းမြန် ဆန်တဲ့ Quick Charger လိုစနစ်တွေတော့ ပါဝင်တာမတွေ့ရပါဘူး။ Fingerprint ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ စျေးနှုန်းအ ရကြည့်မယ်ဆိုရင်တော့ ဖုန်းရဲ့ Specification ပိုင်းကအခြား တန်ဖိုးနည်း ဖုန်းတွေနဲ့ ယှဉ်နိုင်သလို ဖုန်းတွင်း Settings ပိုင်း၊ Feature ပိုင်းနဲ့ ကင်မပိုင်းတွေမှာတော့ ဒီဖုန်းက ကောင်းမွန်တယ်လို့ ဆိုနိုင်ပါ တယ်။ Enjoy 6s ထက် အချို့ Specification ပိုင်းတွေမှာ အနည်းငယ် နိမ့်ပေမယ့် ဘက်ရီပိုင်းမှာတော့ ဒီဖုန်းက Enjoy 6s ထက်ပိုပြီးမြင့်မား ကောင်းမွန်တာ တွေ့ရပါတယ်။

Network – GSM – 2G/ 3G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 6.0
CPU – Octa-core (4×1.4 GHz & 4×1.0 GHz)
GPU – Mali-T860MP2
Memory – Internal 16GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, autofocus, LED flash, Geo- tagging, touch focus, face detection, panorama, Video, Secondary 5 MP
Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth – 4.0, A2DP
Battery – Li-Po 4100 mAh Battery

သူတို့အမြင်

ကိုအောင်အောင် (စမ်းသပ်အသုံးပြုသူ)

တန်ဖိုးနည်း ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းကတော့ သိပ်အမြင့်ကြီးမဟုတ်ပါဘူး။ ဒီဖုန်းက ဖုန်းရဲ့ Physical ပိုင်းနဲ့ Specification ပိုင်းတွေကိုပဲ ကြည့်မယ်ဆိုရင်စျေးနဲ့ တန်တယ်လို့တော့ ခံစားရတယ်။ ကင်မရာရဲ့ Megapixels တွေနဲ့ Memory ပိုင်းတွေ၊ ဘက်ထရီပိုင်းတွေက အခြား Mid Range ဖုန်းတွေရဲ့ Specification ပိုင်းတွေနဲ့ သိပ်မကွာသလိုပဲ။ ဖုန်းကို တကယ်တမ်း သုံးကြည့်တဲ့အချိန်မှာလည်း Fingerprint ပိုင်း၊ ကင်မရာ ပိုင်းတွေနဲ့ ဖုန်းအတွင်းပိုင်း စနစ်တွေ၊ Settings ပိုင်းတွေကတော့ ကောင်းပါတယ်။ ဘက်ထရီပိုင်းမှာလည်း ဒီဖုန်းကတော်တော်ကောင်း အောင်သုံးထားတာတွေ့ရတယ်။

မချိုချိုမာ (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ Specification ပိုင်းကတော့ အခြားတန်ဖိုးနည်း ဖုန်းတွေနဲ့ ဘာမှသိပ်ပြီး ထူးထူးခြားခြားကွာတာမရှိသလိုပဲ။ ဒါပေမဲ့ ဖုန်းရဲ့ Settings ပိုင်းနဲ့ အတွင်းပိုင်းမှာ အသုံးပြုရတဲ့ စနစ်တွေနဲ့ ပုံစံ တွေကတာ့ ကောင်းပါတယ်။ OS Version ကလည်း မြင့်တော့စုံစုံ လင်လင်သုံးလို့ ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာရဲ့ Megapixels ကသင့်တင့်တဲ့အတွက် ရုပ်ထွက်ပိုင်းကောင်းပါတယ်။ ဘက် ထရီကလည်း mAh များတဲ့အပြင် ဖုန်းရဲ့ Screen ပိုင်းနဲ့ CPU ပိုင်း တွေကလည်း ပါဝါသိပ်မစားတော့ ကြာကြာအသုံးခံတယ်။

ကိုသန်းထွဋ်ဇော် (စမ်းသပ်အသုံးပြုသူ)

CPU ပိုင်းနဲ့ GPU ပိုင်းတွေကောင်းတဲ့ဖုန်းပါ။ မှတ်ဉာဏ်ပိုင်းမှာ နည်းတယ်လို့ ထင်ရပေမယ့်လည်း RAM 3GB နဲ့ သူ့ရဲ့ CPU ရဲ့လုပ်ဆောင်ချက် တွေက မျှတတဲ့အတွက် ဖုန်းကသုံးရတာလည်းပေါ့ပေါ့ပါးပါးရှိပါတယ်။ Fingerprint ကလည်းတုန့်ပြန်မှု မြန်တာတွေ့ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Megapixels တွေရော Sensor တွေရော ကောင်းပါတယ်။ SD Card သုံးတဲ့အချိန်မှာ Sim Card က တစ်ကတ်ပဲသုံးလို့ရ တော့မှာ။ အဲဒါကိုတော့ သိပ်သဘောမကျဘူး။

-ကိုသက်