Huawei စမတ္နာရီသစ္တြင္ gesture input နည္းလမ္းသစ္မ်ား ပါဝင္လာဖြယ္ရွိ

[ Zawgyi [


Huawei စမတ္နာရီစီးရီးသစ္ေတြမွာ ဝတ္ဆင္ႏိုင္တဲ့ နည္းပညာထုတ္ကုန္ေတြ အသုံးျပဳတဲ့နည္းလမ္းကို ေတာ္လွန္ေျပာင္းလဲပစ္ႏိုင္တဲ့ gesture input နည္းလမ္းေတြ ပါဝင္လာဖြယ္ရွိပါတယ္။ အဲ့ဒီနည္းလမ္းေတြက စမတ္နာရီရဲ႕ display ကို ထိေတြ႕စရာမလိုဘဲ လက္အမူအရာနဲ႔ ထိန္းခ်ဳပ္ႏိုင္ေစမွာ ျဖစ္ပါတယ္။

Huawei အေနနဲ႔ WIPO (ကမၻာလုံးဆိုင္ရာ ဉာဏပစၥည္းအဖြဲ႕အစည္း) မွာ မူပိုင္ခြင့္တစ္ခု တင္ခဲ့ပါတယ္။ အဲဒီမူပုိင္ခြင့္မွာ စမတ္နာရီ display ကိုထိေတြ႕စရာမလိုတဲ့ နည္းပညာေတြကို ဖန္တီးေနတယ္လို႔ အေသးစိတ္ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ Huawei အေနနဲ႔ စမတ္နာရီမွာအသုံးျပဳႏိုင္မယ့္ နည္းလမ္းသစ္ႏွစ္မ်ိဳးကုိ ေဖာ္ျပခဲ့ပါေသးတယ္။ ပထမတစ္ခုက လက္ဖမိုးကုိ display အျဖစ္ အသုံးျပဳႏိုင္သလို ဒုတိယနည္းလမ္းကေတာ့ ေလထဲမွာ အလားတူ feature မ်ိဳးကုိ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ႏႈန္းလြန္အသံလိႈင္း ဒါမွမဟုတ္ အနီေအာက္ေရာင္ျခည္ sensor ေတြအကူအညီနဲ႔ လက္ေပၚမွာ စမတ္နာရီ screen ကို တိုက္႐ိုက္ project လုပ္ၿပီး အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ သုံးစြဲသူရဲ႕ လက္ေပၚမွာ နာရီ display ကို project လုပ္ထားၿပီး ညင္သာတဲ့ touch gesture ေတြနဲ႔ ထိန္းခ်ဳပ္ႏိုင္မွာပါ။ ဒါ့အျပင္ Huawei ဟာ long press, double-click နဲ႔ အျခား gesture ေတြနဲ႔လည္း အသုံးျပဳႏိုင္ဖို႔ နည္းလမ္းေတြ ရွာေဖြေနပါတယ္။ သုံးစြဲသူေတြအေနနဲ႔ touch-screen ဖုနး္ေတြနဲ႔ စမတ္နာရီေတြ အသုံးျပဳသလိုမ်ိဳး လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီမူပုိင္ခြင့္ေတြအတြက္ ခြင့္ျပဳခ်က္ရရွိထားတာေၾကာင့္ Huawei အေနနဲ႔ ထုတ္ကုန္ေတြမွာ gesture input နည္းလမ္းသစ္ေတြကို အသုံးျပဳမယ့္မူပိုင္ခြင့္ကို ပိုင္ဆိုင္ထားပါၿပီ။

ဒီနည္းပညာသစ္ေတြဟာ screen အရြယ္ေသးငယ္တဲ့ စမတ္နာရီေတြေပၚက လုပ္ေဆာင္ခ်က္ေတြကို ေတာ္လွန္ေျပာင္းလဲ ပစ္ႏိုင္ဖြယ္ရိွၿပီး လက္ေပၚနဲ႔ ေလထဲမွာပါ အရပ္ေလးမ်က္ႏွာ အားလုံးကေန gesture input ေတြကို သုံးစြဲႏိုင္မွာျဖစ္တယ္လုိ႔ Huawei က ေဝမွ်ထားတဲ့ ဓာတ္ပုံအရ သိရပါတယ္။

စိုးထက္
Ref: ThyBlackMan

=============

[ Unicode ]

Huawei စမတ်နာရီသစ်တွင် gesture input နည်းလမ်းသစ်များ ပါဝင်လာဖွယ်ရှိ

=============

Huawei စမတ်နာရီစီးရီးသစ်တွေမှာ ဝတ်ဆင်နိုင်တဲ့ နည်းပညာထုတ်ကုန်တွေ အသုံးပြုတဲ့နည်းလမ်းကို တော်လှန်ပြောင်းလဲပစ်နိုင်တဲ့ gesture input နည်းလမ်းတွေ ပါဝင်လာဖွယ်ရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေက စမတ်နာရီရဲ့ display ကို ထိတွေ့စရာမလိုဘဲ လက်အမူအရာနဲ့ ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။

Huawei အနေနဲ့ WIPO (ကမ္ဘာလုံးဆိုင်ရာ ဉာဏပစ္စည်းအဖွဲ့အစည်း) မှာ မူပိုင်ခွင့်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီမူပိုင်ခွင့်မှာ စမတ်နာရီ display ကိုထိတွေ့စရာမလိုတဲ့ နည်းပညာတွေကို ဖန်တီးနေတယ်လို့ အသေးစိတ်ဖော်ပြထားပါတယ်။ ဒါ့အပြင် Huawei အနေနဲ့ စမတ်နာရီမှာအသုံးပြုနိုင်မယ့် နည်းလမ်းသစ်နှစ်မျိုးကို ဖော်ပြခဲ့ပါသေးတယ်။ ပထမတစ်ခုက လက်ဖမိုးကို display အဖြစ် အသုံးပြုနိုင်သလို ဒုတိယနည်းလမ်းကတော့ လေထဲမှာ အလားတူ feature မျိုးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နှုန်းလွန်အသံလှိုင်း ဒါမှမဟုတ် အနီအောက်ရောင်ခြည် sensor တွေအကူအညီနဲ့ လက်ပေါ်မှာ စမတ်နာရီ screen ကို တိုက်ရိုက် project လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ လက်ပေါ်မှာ နာရီ display ကို project လုပ်ထားပြီး ညင်သာတဲ့ touch gesture တွေနဲ့ ထိန်းချုပ်နိုင်မှာပါ။ ဒါ့အပြင် Huawei ဟာ long press, double-click နဲ့ အခြား gesture တွေနဲ့လည်း အသုံးပြုနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။ သုံးစွဲသူတွေအနေနဲ့ touch-screen ဖုနး်တွေနဲ့ စမတ်နာရီတွေ အသုံးပြုသလိုမျိုး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီမူပိုင်ခွင့်တွေအတွက် ခွင့်ပြုချက်ရရှိထားတာကြောင့် Huawei အနေနဲ့ ထုတ်ကုန်တွေမှာ gesture input နည်းလမ်းသစ်တွေကို အသုံးပြုမယ့်မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားပါပြီ။

ဒီနည်းပညာသစ်တွေဟာ screen အရွယ်သေးငယ်တဲ့ စမတ်နာရီတွေပေါ်က လုပ်ဆောင်ချက်တွေကို တော်လှန်ပြောင်းလဲ ပစ်နိုင်ဖွယ်ရှိပြီး လက်ပေါ်နဲ့ လေထဲမှာပါ အရပ်လေးမျက်နှာ အားလုံးကနေ gesture input တွေကို သုံးစွဲနိုင်မှာဖြစ်တယ်လို့ Huawei က ဝေမျှထားတဲ့ ဓာတ်ပုံအရ သိရပါတယ်။

စိုးထက်
Ref: ThyBlackMan