HP Pavilion X360 14-ba076TX Laptop

ဂိမ်းကစားသူများနဲ့ ဒီဇိုင်းပညာရပ်ကို လေ့လာလိုသူတွေ အကြိုက်တွေ့စေနိုင်မယ့် HP အမှတ်တံဆိပ် Pavilion X360 14-ba076TX မော်ဒယ် Laptop တစ်မျိုးဖြစ်ပါတယ်။ Hybrid Product လို့ခေါ်တဲ့ Laptop လိုလည်း အသုံးပြုနိုင်ပြီး Tablet လိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းအတွက် 14” Diagonal Full HD IPS WLED-backlit multitouch အသုံးပြုထားသလို အရောင်ကတော့ လူငယ်များ ကြိုက်နှစ်သက်တဲ့ Silk Gold အရောင်လေးနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။

TouchScreen ပါဝင်တာကြောင့် Tablet အနေနဲ့ အသုံးပြုနိုင်ပြီး Band & Olufsen (B&O Play) Sound System ပါဝင်တဲ့အတွက် အသံပိုင်းမှာအထူးကောင်းမွန်ပါတယ်။ Intel ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ 7th Generation i7-7500U Processor ကို တပ်ဆင် အသုံးပြုထားတဲ့အတွက် ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Memory များများကြိုက်သူများ အတွက် 8GB DDR4 Memory ပါဝင်တာကြောင့် Browser မှ Tab ပေါင်းများစွာကို တစ်ပြိုင်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 1TB HDD ကိုလည်း တပ်ဆင်အသုံးပြုထားပါတယ်။ NVIDIA Geforce GT 940MX 4GB တပ်ဆင်အသုံးပြုထားတဲ့အတွက် ရုပ်ထွက်အရည်အသွေး ကောင်းကောင်းကို စိတ်တိုင်းကျအသုံးပြုနိုင်မှာဖြစ်ပါတယ်။ LAN, Wi-Fi, Bluetooth 4.2, HP Wide Vision HD Camera များပါဝင်ပြီး Battery ကိုလည်း 3 Cell Battery ထားတာကြောင့် Standard အနေနဲ့ ၉ နာရီကြာ အသုံးခံနိုင်ပါတယ်။ Windows 10 Home License ပါဝင်တဲ့ Laptop လေးတစ်လုံးလည်း ဖြစ်ပါတယ်။ တန်ဖိုးကတော့ USD 1074 ရှိမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါ က Shwe Lamin Nagar Co.Ltd ဖုန်း ၀၁-၂၅၅၆၅၅၊ ၀၁-၂၅၅၇၁၄ ကိုမေးမြန်းဆက်သွယ်နိုင်ပါတယ်။

-ဝေဝေ