June 24, 2018

HP EliteBook 840 G5

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၁၉၉~၃၃၁၉.၅ဝ

အားသာခ်က္

ဆဲြေဆာင္မႈအျပည့္ရွိတဲ့ ဒီဇုိင္းနဲ႔ထုတ္ထားတဲ့ Laptop ျဖစ္ၿပီး သီးျခားအေနနဲ႔ ၾကည္လင္ျပတ္သားမႈရွိတဲ့ Display ကို တပ္ဆင္အသုံးျပဳႏုိင္မွာလည္း ျဖစ္ပါတယ္။ အသံထြက္အရည္အေသြးပိုင္းလည္း ျမင့္မားေကာင္းမြန္လွသလို ကီးဘုတ္ကလည္း အသုံးျပဳရတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ဘက္ထရီနဲ႔ကိုလည္း အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

အားနည္းခ်က္

Webcam ကင္မရာပိုင္းကေတာ့ အနည္းငယ္ဝါးတယ္လို႔ ခံစားရတဲ့အတြက္ တန္ဖိုးျမင့္ laptop တစ္လုံးအေနနဲ႔ဆိုရင္ ဒီထက္ပိုၿပီး ေကာင္းမြန္သင့္တယ္လို႔ ထင္ပါတယ္။ ပုံမွန္ေမာ္ဒယ္ရဲ႕ Display ကေတာ့ သာမန္ေလာက္ပဲ ရွိတယ္လို႔ေျပာရမွာ ျဖစ္ပါတယ္။

သုံးသပ္ခ်က္

ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာသုံးႏုိင္မႈ၊ လုံၿခဳံေရးစနစ္ေကာင္းမြန္မႈ၊ ပရီမီယံဒီဇုိင္းနဲ႔ ေဖ်ာ္ေျဖမႈစတဲ့ အပိုင္းေတြအတြက္ ျပည့္စုံေကာင္းမြန္ေသာ Laptop တစ္လုံးျဖစ္တဲ့ EliteBook 840 ကို လုပ္ငန္းသုံးအေနနဲ႔ အျပည့္အဝ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပုံမွန္အတြက္ ထုတ္ထားတဲ့ ကန္ေဒၚလာ ၁၁၈၂ တန္ကေတာ့ Display ပိုင္းက ေတာ္ေတာ္ေလးမွိန္တဲ့အတြက္ အဲဒီေမာ္ဒယ္အစား ကန္ေဒၚလာ ၂၂၉၅ ေမာ္ဒယ္မ်ဳိးကို ေရြးခ်ယ္သင့္တယ္လို႔ ဆိုခ်င္ပါတယ္။ ကန္ေဒၚလာ ၂၂၉၅ တန္အမ်ဳိးအစားမွာ Intel Core i7-8650U Processor, 16 GB RAM, 512GB M.2 PCIe NVMe SSD နဲ႔ UHD Graphics 620 တို႔ေထာက္ပံ့ ပါဝင္ပါတယ္။ တန္ဖိုးအနည္းဆုံးျဖစ္တဲ့ ကန္ေဒၚလာ ၁၁၈၂ တန္ အမ်ဳိးအစားကေတာ့ Intel Core i5-7200U, 4GB RAM, 128GB M2 STA-3 TLC SSD ေတြရွိမွာျဖစ္ၿပီး Ultimate ဗားရွင္းျဖစ္တဲ့ ကန္ေဒၚလာ ၃၃၁၉.၅ဝ တန္ကေတာ့ Intel Core i7-8650U Processor, 32GB RAM, 1TB PCIe NVMe TLC SSD, AMD Radeon RX 540 2GB Graphics နဲ႔ 700-nit Sure View privacy Display ေတြ ေထာက္ပံ့ပါဝင္ပါတယ္။

ၿခဳံေျပာရမယ္ဆိုရင္ေတာ့ EliteBook 840 က ျပည့္ဝေကာင္းမြန္လွတဲ့ စြမ္းေဆာင္ရည္နဲ႔ စြယ္စုံအသုံးျပဳႏုိင္တဲ့ လုပ္ငန္းသုံး
Laptop တစ္လုံးကို ကိုင္ခ်င္သူေတြ ေရြးခ်ယ္သင့္တဲ့ Laptop တစ္လုံးပဲျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

သတၱဳကိုယ္ထည္နဲ႔ ဖန္တီးထားတဲ့အျပင္ hp ရဲ႕ စတုိင္က်လွတဲ့ လိုဂိုကို ေက်ာဘက္ထည့္ထားတဲ့အတြက္ ဒီဇုိင္းပိုင္းက ကလပ္
စစ္ဆန္ၿပီး အထူးဆြဲေဆာင္မႈရွိလွပါတယ္။ ၁၄ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္
ပံ့ေပးႏုိင္တဲ့ IPS LED Diaplay ကို အသုံးျပဳထားပါတယ္။ အျမန္ႏႈန္း 1.9GHz ရွိတဲ့ 8th Gen Intel Core i7-8650U processor
ကိုအသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈကေတာ့ 512 GB SSD ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel
UHD Graphics 620 ေထာက္ပံ့ပါ၀င္ျပီး ၄.၂x၂.၃ လက္မအရြယ္အစား Touchpad က ေခ်ာ့ေမြ႕ေကာင္းမြန္မႈရွိပါတယ္။ WiFi
802.11ac၊Bluetooth 4.2၊ လက္ေဗြလုံၿခဳံေရးစနစ္၊ လုံၿခဳံေရးဆုိင္ရာ Secure Lock Slot ေပါက္၊ စမတ္ Card Reader ေပါက္၊
WWAN SIM card reader ေပါက္၊ USB Type C၊ USB 3.0 ေပါက္၊ HDMI ေပါက္နဲ႔ USB 2.0 ေပါက္ေတြပါ၀င္ပါတယ္။ WiFi
ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၃၁ မိနစ္ခန္႔အသုံးျပဳ
ႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၅၃ ကီလိုဂရမ္ (၃.၃၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၁၉၉~၃၃၁၉.၅ဝ

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းနဲ့ထုတ်ထားတဲ့ Laptop ဖြစ်ပြီး သီးခြားအနေနဲ့ ကြည်လင်ပြတ်သားမှုရှိတဲ့ Display ကို တပ်ဆင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အသံထွက်အရည်အသွေးပိုင်းလည်း မြင့်မားကောင်းမွန်လှသလို ကီးဘုတ်ကလည်း အသုံးပြုရတာ တော်တော်လေးကောင်းပါတယ်။ ဘက်ထရီနဲ့ကိုလည်း အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Webcam ကင်မရာပိုင်းကတော့ အနည်းငယ်ဝါးတယ်လို့ ခံစားရတဲ့အတွက် တန်ဖိုးမြင့် laptop တစ်လုံးအနေနဲ့ဆိုရင် ဒီထက်ပိုပြီး ကောင်းမွန်သင့်တယ်လို့ ထင်ပါတယ်။ ပုံမှန်မော်ဒယ်ရဲ့ Display ကတော့ သာမန်လောက်ပဲ ရှိတယ်လို့ပြောရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်မှု၊ လုံခြုံရေးစနစ်ကောင်းမွန်မှု၊ ပရီမီယံဒီဇိုင်းနဲ့ ဖျော်ဖြေမှုစတဲ့ အပိုင်းတွေအတွက် ပြည့်စုံကောင်းမွန်သော Laptop တစ်လုံးဖြစ်တဲ့ EliteBook 840 ကို လုပ်ငန်းသုံးအနေနဲ့ အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်အတွက် ထုတ်ထားတဲ့ ကန်ဒေါ်လာ ၁၁၈၂ တန်ကတော့ Display ပိုင်းက တော်တော်လေးမှိန်တဲ့အတွက် အဲဒီမော်ဒယ်အစား ကန်ဒေါ်လာ ၂၂၉၅ မော်ဒယ်မျိုးကို ရွေးချယ်သင့်တယ်လို့ ဆိုချင်ပါတယ်။ ကန်ဒေါ်လာ ၂၂၉၅ တန်အမျိုးအစားမှာ Intel Core i7-8650U Processor, 16 GB RAM, 512GB M.2 PCIe NVMe SSD နဲ့ UHD Graphics 620 တို့ထောက်ပံ့ ပါဝင်ပါတယ်။ တန်ဖိုးအနည်းဆုံးဖြစ်တဲ့ ကန်ဒေါ်လာ ၁၁၈၂ တန် အမျိုးအစားကတော့ Intel Core i5-7200U, 4GB RAM, 128GB M2 STA-3 TLC SSD တွေရှိမှာဖြစ်ပြီး Ultimate ဗားရှင်းဖြစ်တဲ့ ကန်ဒေါ်လာ ၃၃၁၉.၅ဝ တန်ကတော့ Intel Core i7-8650U Processor, 32GB RAM, 1TB PCIe NVMe TLC SSD, AMD Radeon RX 540 2GB Graphics နဲ့ 700-nit Sure View privacy Display တွေ ထောက်ပံ့ပါဝင်ပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ EliteBook 840 က ပြည့်ဝကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်နဲ့ စွယ်စုံအသုံးပြုနိုင်တဲ့ လုပ်ငန်းသုံး
Laptop တစ်လုံးကို ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားတဲ့အပြင် hp ရဲ့ စတိုင်ကျလှတဲ့ လိုဂိုကို ကျောဘက်ထည့်ထားတဲ့အတွက် ဒီဇိုင်းပိုင်းက ကလပ်
စစ်ဆန်ပြီး အထူးဆွဲဆောင်မှုရှိလှပါတယ်။ ၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်
ပံ့ပေးနိုင်တဲ့ IPS LED Diaplay ကို အသုံးပြုထားပါတယ်။ အမြန်နှုန်း 1.9GHz ရှိတဲ့ 8th Gen Intel Core i7-8650U processor
ကိုအသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 512 GB SSD ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel
UHD Graphics 620 ထောက်ပံ့ပါ၀င်ပြီး ၄.၂x၂.၃ လက်မအရွယ်အစား Touchpad က ချော့မွေ့ကောင်းမွန်မှုရှိပါတယ်။ WiFi
802.11ac၊Bluetooth 4.2၊ လက်ဗွေလုံခြုံရေးစနစ်၊ လုံခြုံရေးဆိုင်ရာ Secure Lock Slot ပေါက်၊ စမတ် Card Reader ပေါက်၊
WWAN SIM card reader ပေါက်၊ USB Type C၊ USB 3.0 ပေါက်၊ HDMI ပေါက်နဲ့ USB 2.0 ပေါက်တွေပါ၀င်ပါတယ်။ WiFi
ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၃၁ မိနစ်ခန့်အသုံးပြု
နိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၅၃ ကီလိုဂရမ် (၃.၃၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထဋ်ဝင်း
Ref: www.laptopmag.com