Hospitality and Tourism Management ဘာသာရပ်ကို တက်ရောက်မယ့် မောင်မင်းပြည့်စုံရဲ့ Student Life

စင်ကာပူနိုင်ငံ Nanyang Institute of Management မှာ Hospitality and TourismManagement ဘာသာရပ်ကို တက်ရောက် သင်ကြားနေတဲ့ မောင်မင်းပြည့်စုံရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

စင်ကာပူမှာ ဘယ်ဘာသာရပ်ကို ဘယ်ကျောင်းမှာ တက်ရောက်မှာပါလဲ။

ကျွန်တော် စင်ကာပူနိုင်ငံ Nanyang Institute of Management မှာ  Hospitality and Tourism Management ဘာသာရပ်ကို သြစတြေးလျ နိုင်ငံ Federation University ကပေးအပ်မယ့် Bachelor ဘွဲ့ကိုရယူမှာဖြစ်ပါတယ်။ ကျွန်တော်ဒီဘာသာရပ်ကို ရွေးချယ်ဖြစ်တာကတော့ စိတ်ဝင်စားလို့ပါ။

စင်ကာပူနိုင်ငံမှာ ပညာသင်ဖို့ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။

ကျွန်တော် စင်ကာပူ နိုင်ငံမှာကျောင်းတက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာ ကတော့ စင်ကာပူနိုင်ငံရဲ့ ပညာရေးစနစ်က ကမ္ဘာ့အဆင့်မီ ပညာရေးဖြစ်ပြီး ကျွန်တော် သင်ယူချင်တဲ့ ဘာသာရပ်အတွက် စာတွေ့လက်တွေ့ ပြည့်စုံစွာ သင်ယူနိုင်မယ့် နေရာဖြစ်တယ်လို့ ထင်လို့ပါ။ ကျွန်တော် ပထမဆုံး ဒီဘာသာရပ်သင်ကြားပေးတဲ့ တက္ကသိုလ်တွေ အကြောင်းကို အင်တာနက်မှာ ရှာလိုက်တဲ့အခါ စင်ကာပူနိုင်ငံက ကျွန်တော့် အတွက် အဆင်ပြေဆုံး ဖြစ်နေပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စင်ကာပူနိုင်ငံက ကျွန်တော်တို့နဲ့ ယဉ်ကျေးမှုချင်း သိပ်မကွာဘူး။ ပြီးတော့ ပညာရေးအဆင့်က ကမ္ဘာ့အဆင့်မီ ဖြစ်တဲ့အပြင် ကျွန်တော့် မိဘတွေလည်း ကျွန်တော့်ကို အချိန်မရွေး လာတွေ့နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ STUDY ABROAD Information Centre က ပညာရေးတိုင်ပင်ခံ တာဝန်ခံ အစ်မတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ကျွန်တော့်အတွက် အသင့်တော်ဆုံးကျောင်းကို တွေ့ရှိခဲ့ပါတယ်။

ကျောင်းပြီးရင်ရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ။

ကျွန်တော် ကျောင်းပြီးရင် ကမ္ဘာ့အဆင့်မီ Hotel တွေမှာ အလုပ်လုပ်ပြီး အတွေ့အကြုံတွေ ရယူချင်ပါတယ်။ ပြီးရင် ကိုယ်ပိုင် Hotel ဖွင့်ဖို့ စိတ်ကူးရှိပါတယ်။

ကျောင်း လျှောက်တုန်းကရော အခက်အခဲတွေ ရှိခဲ့သေးလား။

ကျောင်း လျှောက်တုန်းက အခက်အခဲ လုံးဝမရှိခဲ့ပါဘူး။ STUDY ABROAD Information Centre က ပညာရေး တိုင်ပင်ခံ တာဝန်ခံ အစ်မတွေက ကျောင်းလျှောက်တာကနေစပြီး ဗီဇာရတဲ့အထိ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကိုလိုလေသေးမရှိ မိသားစုလို နွေးနွေးထွေးထွေးနဲ့ ကူညီဆောင်ရွက်ပေးလို့ ဖြစ်ပါတယ်။

ပြည်ပကို ပညာသင်ကြားဖို့ မသွားခင် ဘာတွေလိုအပ်လဲ ဆိုတာ ပြောပြပေးပါဦး။

နိုင်ငံခြားမှာ ကျောင်းတက်မယ့် ကျောင်းသူ၊ ကျောင်းသား လေးတွေကို အဓိကအနေနဲ့ အင်္ဂလိပ်စာကို သေသေချာချာ ပြင်ဆင်ထားဖို့ လိုသလို ကိုယ်သင်ယူလိုတဲ့ ဘာသာရပ်ကိုလည်း သေချာရွေးချယ်ပြီး ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။