Heroes Data of TI7 Main Qualifier

Dota 2 The International 2017 ပြိုင်ပွဲကြီးကတော့ တစ်နေ့ ထက်တစ်နေ့ နီးကပ်လို့လာ နေပါပြီ။ ယခုနှစ်အတွက် Main Event ကျင်းပပေးမယ့် အချိန်ကာလကတော့ တရားဝင် ကြေညာခဲ့ပြီးဖြစ်ကာ လာမယ့် သြဂုတ်လ ၇ – ၁၂အတွင်းမှာ ဖြစ်ပါမယ်။ ပြီးခဲ့တဲ့အပတ် ကတော့ Main Qualifier အဆင့်မှာ Hype ဖြစ်ခဲ့တဲ့ Hero တွေအကြောင်းကို ဖော်ပြခဲ့ပြီး Clockwerk, Nightstalker, Nyx, Sand king နဲ့ Bristleback တို့ ဖြစ်ကြောင်းကိုလည်း အခန်းကဏ္ဍခွဲ ကာဖော်ပြခဲ့ပါတယ်။ အဆိုပါ Regional Qualifier ပွဲများအပြီး မှာတော့ Dota 2 ဟာ v7.06e ဆိုတဲ့ Balance Update တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဆိုပါ Update မှာတော့ ခန့်မှန်းထား ခဲ့တဲ့အတိုင်း Regional Qualifier များအဆင့်မှာ Hype ဖြစ်ခဲ့တဲ့ Hero တွေနဲ့လူအ သုံးပြုမှုမရှိခဲ့တဲ့ Hero တွေကို Buff/ Nerf များ အသီးသီးဖြင့် Balance လုပ်ပေးခဲ့ပါတယ်။

v7.06e

Main Qualifier မှာ စိတ်ဝင် စားဖို့ကောင်းတဲ့ Hero Pick များရှိခဲ့ပါတယ်။ Meta တစ်ခုအနေနဲ့ ပြောစမှတ်ပြုလောက်အောင် သိသိသာသာ ထူးခြားလွန်းတာမျိုး မရှိပေမယ့် လူသုံးအများဆုံး Hero တွေကတော့ သိသိသာသာ Balance လုပ်ခံရတာ တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ Regional/ Main Qualifier ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရေးသားချင်ပါတယ်။

Most Successful Heroes

Lifestealer – 42 games (66.67% Win Rate)

Treant Protector – 30 games (66.67% Win Rate)

Nature’s Prophet – 35 games (62.86% Win Rate)

Slardar – 32 games (59.38% Win Rate)

Storm Spirit – 41 games (58.54% Win Rate)

Shadow Shaman – 50 games (58.00% Win Rate)

Clockwerk – 106 games (57.55% Win Rate)

Queen of Pain – 128 games (57.03% Win Rate)

Bat Rider – 66 games (56.06% Win Rate)

Sven – 47 games (55.32% Win Rate)

အထက်ပါ Hero များဟာ ပြီးခဲ့တဲ့ Regional Qualifier မှာ ကစားခဲ့တဲ့ ပွဲပေါင်း ၃၅၆ ပွဲထဲမှာ Most Impact ဖြစ်ရုံမက Win Rate များလည်းကောင်းတဲ့ Hero များပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ ဖော်ပြခဲ့တဲ့အတိုင်း Meta ထဲကို ပြန်လည်ပါဝင်လာတဲ့ Clockwerk, Nightstalker, Queen of Pain စတဲ့ Hero တွေဟာ Top Pick list မှာပါဝင်လာရုံမျှမက Win Rate များဟာလည်း 51% အထက်မှာ ရှိနေတဲ့အတွက် ဒီအချိန်မှာ စောစောစီးစီး Balance မလုပ်ထားရင် အသင်းများအတွက် ရွေးချယ်ရမယ့် Hero, Hidden pick Hero များ ခန့်မှန်းရ လွယ်သွားပါလိမ့်မယ်။ အထက်မှာ ဖော်ပြထားတဲ့ List ထဲက Nerf ခံလိုက်ရတဲ့ Hero တွေကတော့ Lifestealer, Clockwerk, Queen of Pain, Batrider, Sven တို့ပဲ ဖြစ်ပါတယ်။ ဒီထဲကမှ Lifestealer နဲ့ Sven တို့ဟာ Minor Nerf များသာဖြစ်ပြီး

Clockwerk

Battery Assault Manacost 75 > 100

Base Damage -3

Queen of Pain

lvl 25 Left Talent 70% > 60% spell lifesteal

Base Damage -4

Batrider

Ultimate Cooldown 90/75/60 > 100/80/60

ဆိုပြီး Nerf ခံရတဲ့ အချက်တွေ ကိုတွေ့ရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းဖြင့် IceFrog ဟာ Early Game Advantage ကို အလေးထားတာ တွေ့ရပါ တယ်။ Clock, QoP တို့ရဲ့ Power
Spike ဟာ lvl 3~4 လောက်မှာ စတင်ပြီး Late Game Potential လည်း အားကောင်းတဲ့ Hero တွေ ဖြစ်နေတဲ့အတွက် ၎င်းတို့ရဲ့ Early Power Spike Strong ဖြစ်မှုကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခြား Win Rate ကောင်းတဲ့ Top Hero တွေဖြစ်တဲ့ Treant, NP, Slardar, Shadow Shaman နဲ့ Storm Spirit တို့ကိုတော့ Situational Core များအဖြစ် ဆက်လက်ခွင့်ပြု ထားတာကို တွေ့ရပါတယ်။

Popular Heroes

Nightstalker – 81 Pick/ 237 Ban

Clockwerk – 106 Pick/ 199 Ban

Sand King – 165 Pick/ 129 Ban

Nyx – 93 Pick/ 173 Ban

Puck – 122 Pick/ 116 Ban

QoP – 128 Pick/ 85 Ban

Venomancer – 76 Pick/ 121 Ban

Batrider – 66 Pick/ 120 Ban

Dark Seer – 65 Pick/ 107 Ban

Bristleback – 70 Pick/ 101 Ban

အထက်ပါ List ကိုကြည့်ရင် တော့ 2017 TI Main Qualifier မှာ လူကြိုက်အများဆုံး Hero (၁ဝ) ကောင် ဖြစ်ပါတယ်။ အဆိုပါ ၁ဝ ကောင်မှာ DPS Carry Hero တစ်ကောင်မှပါဝင်လာခြင်းမရှိဘဲ Initiator, Ganker များသာ အများစု ပါဝင်လျက်ရှိပါတယ်။ IceFrog အနေနဲ့ v7.02 ကတည်းက သိသိသာသာ အသက်သွင်း လာခဲ့တဲ့ Super Aggressive Teamfight Meta ဟာ ရာနှုန်းပြည့် အသက်ဝင်လာပြီလို့ ပြောလို့ရပြီး Naga, Alchemist, Juggernaut လိုမျိုးစတဲ့ Carry Hero စစ်စစ် တွေဟာလည်း လက်ရှိ TI7 Main Qualifier မှာ Meta အပြင်ကို ထွက်လျက်ရှိပါတယ်။ ဒါပေမဲ့ Icefrog ဟာ Balance ဖြစ်တဲ့ Tournament တစ်ခုအဖြစ် ဖန်တီးဖို့ အကွက်ကျကျ စီစဉ်ထားတယ်ဆိုတာကို ဒီ Balance Update အသေးလေးမှာ ထင်ရှားစွာတွေ့နိုင်မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Buffed Hero တွေရဲ့ List ကြောင့်ဖြစ်ပါတယ်။

Unpopolar Heroes

Morphling – 1 game

Alchemist – 1 game

Naga Siren – 2 games

Spectre – 2 games

Monkey King – 2 games

Huskar – 4 games

Axe – 4 games

Tiny – 6 games

Luna – 9 games

ဒီ List မှာတော့ လွန်စွာမှ ထူးဆန်းတယ်လို့ပြောလို့ရအောင် Kiev Major အထိ Hot ဖြစ်ခဲ့တဲ့ Carry Hero များစွာဟာ Main Qualifier မှာ လက်ငါးချောင်း မပြည့်တဲ့နှုန်းနဲ့သာ ရွေးချယ်ခံခဲ့ရ တာကို တွေ့ရပါတယ်။ အသိသာဆုံးကတော့ Alchemist, Naga နဲ့ Morphling တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီ Patch မှာ အထက်ပါ List ထဲပါဝင်ခဲ့တဲ့ Hero တွေဟာ အဓိကထားပြီး Buff ခံထားရတာကို တွေ့ရပါတယ်။

Alchemist

Base Agility 11 > 16

Greevil’s Greed Bounty Rune rate 200% > 250%

Naga Siren

Hp Regen 0.5 > 1.5

Morphling

BAT 1.55 > 1.5

ဘယ်လောက်ပဲ Buff ပေးသည့်တိုင်အောင် အခုချိန်ထိ Presence မှာ တစ်ဖန်ပြန်မြင်တွေ့ရခြင်းမရှိတဲ့ Hero တစ်ကောင်ကတော့ Brewmaster ပဲဖြစ်ပါတယ်။ မှတ်မှတ်ရရ ပြောရရင် Brewmaster ဟာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတုန်းက ထွက်ရှိခဲ့တဲ့ v6.85 Version ကတည်းကနေ ယနေ့အထိ Patch (၁၂) ခုဆက်တိုက် Buff ပေးခံလာရတဲ့ Hero ကောင်း တစ်ကောင် ဖြစ်ပါတယ်။ အခု v7.06e မှာလည်း အသိသာဆုံး Buff ပေးခံရတဲ့ Hero ဟာ Brewmaster ပဲဖြစ်သည့်တိုင်အောင် TI မှာ မြင်တွေ့ရဖို့ အလားအလာ နည်းပါးနေဆဲ Hero တစ်ကောင် ဖြစ်နေပါသေးတယ်။ လာမယ့် အပတ်မှာတော့ Brewmaster ရဲ့ အားသာချက်များကို ပြုစုဖော်ပြပါမယ်။

TI ပြိုင်ပွဲများဟာ တစ်နှစ်တာရဲ့ အကောင်းဆုံး ပြိုင်ပွဲများလို့ ပြောလို့ရပါတယ်။ အကြောင်းက Dota ဟာလည်း ရေ၊ မြေပေါ် ကိုလိုက်ပြီး အသုံးပြုတဲ့ Hero, Play style များဟာလည်း အနည်းငယ် လေးကွဲလေ့ရှိပါတယ်။ Io ဟာ Western Country တွေအတွက် Main Character ဖြစ်လို့ Pick (or) Ban အဖြစ် ပါလေ့ရှိပေမယ့် China Region မှာတော့ Io ဟာ ပြဿနာ Hero တစ်ကောင်အဖြစ် မသတ်မှတ်ကြပါဘူး။ အပြန်အ လှန် Dragon Knight ဟာ China Top Team များရဲ့ Hidden Card
Mid Hero အဖြစ် မကြာခဏ မြင်ရလေ့ရှိပေမယ့် Western Team များအတွက်တော့ Aggressive Mid Core စာရင်းထဲမှာ DK ပါလေ့ သိပ်မရှိပါဘူး။ ဒါကြောင့် နယ်ပေါင်းစုံက လာရောက်မယ့် Play Style မတူတဲ့ အသင်းကြီးများရဲ့အပြင်းထန်ဆုံး အားပြိုင်ပွဲကတော့ TI တိုင်းမှာမြင်တွေ့ရလေ့ ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ TI7 ရဲ့ Group Stage ပွဲစဉ်များရဲ့ အချိန်ဇယားကို မကြေညာသေတဲ့အတွက် မိမိစိတ်တိုင်းကျ စောင့်ကြည့်ဝေဖန်ခြင်းသည်သာ မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-Yahooyeeha