September 24, 2017

Havenly

အိမ်ခန်းအလှဆင်မှုကို နှစ်သက်သူများနှင့် အိမ်တွင်းအလှဆင်မှုလုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးတည့်မည့် App တစ်ခုဖြစ်သည်။ အိမ်အတွင်းခန်းအလှဆင်ထားသည့်ပုံစံများကို ဖော်ပြထားပြီး Interior Designers များနှင့်လည်း chatting ပြုလုပ်နိုင်မည်ဖြစ်သည်။

Designer များ၏ အလှဆင်ပုံများကိုလည်းတွေ့နိုင်ပြီး အခန်းပုံကို တင်ပေးပြီး အကြံဥာဏ်များလည်းရယူနိုင်မည့် App တစ်ခုဖြစ်သည်။ ကိုယ်တိုင်အလှဆင်ထားသော အခန်းပုံများကိုတင်ပေးခြင်းဖြင့်လည်း Designs အဆင့်သတ်မှတ်ချက်များ ရရှိနိုင်သဖြင့် အသုံးတည့် App တစ်ခုဖြစ်သည်။ App ကို ထည့်သွင်းအသုံးပြုလိုပါက iTunes တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် အရွယ်အစားမှာ 133 MB ရှိမည်။

iOS version 8.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင် သည်။ ဒီနေရာမှာ ရယူနိုင်ပါတယ်။