August 22, 2017

Guitar Hero Live Complete

Developer – FreeStyle Games
Publisher – Activision
Platform(s) – PS4, Xbox ONE
Genre(s) – Rhythm Game
Release Date – June 6, 2017
Gameplay – 9
Music – 10
Presentation – 9
Replay Value – 10
Final Score – 9.5 out of 10

၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Guitar Hero Live ဂိမ်းဟာ GHTV Online Channel အတွက်သီချင်းသစ်တွေ ဆက်တိုက် ထွက်ရှိခဲ့ပြီး Face Melting Metal 4 Show အပြီးမှာတော့ လက်ရှိကြော်ငြာထားတဲ့ သီချင်းတွေ အားလုံးထွက်ရှိအပြီး Complete Version အဆင့်ကို ရောက်ရှိသွားပြီဖြစ်လို့ အရင် Guitar Hero ဂိမ်းကို စိတ်ဝင်စားသူတွေနဲ့ သီချင်းတွေရာနဲ့ချီ အသစ်ထွက်တော့မှ ကစားချင်သူတွေအတွက် အဆင်ပြေသွားပါပြီ။ Activision ရဲ့နောက် ဆုံးထွက်ရှိထားတဲ့ Guitar Hero Live Version ဂိမ်းရဲ့ Controller ကတော့ fret buttons ၆ ခုပါတဲ့ Guitar ဒီဇိုင်းသစ်ဖြစ်ပြီး ကစားပုံအသစ်တွေ ထည့်သွင်း ပေးထားပါတယ်။အရင် GH ဂိမ်း
တွေရဲ့ DLC ပုံစံမျိုးသီချင်းသစ် တွေထွက်တိုင်း ပိုက်ဆံထပ်ပေးပြီး ဝယ်ရတဲ့ DLC microtransaction စနစ်ပုံစံမဟုတ်တော့ဘဲ သီချင်း သစ်တွေ ကစားဖို့အတွက် online ကနေ MTV channel ပုံစံ ၂၄ နာရီလာနေတဲ့ GHTV channel နှစ်ခုမှာ ဝင်ရောက်ပြီး သီချင်းတွေတီးရတဲ့ ပုံစံဖန်တီးထားတာ တွေ့ရမှာပါ။ ဂိမ်းထွက်ထွက်ချင်းမှာတော့ Live footage တွေပါတဲ့သီချင်းတွေကလွဲလို့ playable သီချင်းတွေကို အရင်လိုအပိုင်ဝယ်မရလို့ တချို့ကစားသူတွေက အားမရခဲ့ပေမယ့် နောက်ပိုင်းသီချင်းသစ်ပေါင်းများစွာ ပါဝင်လာပြီး စိတ်ကြိုက်သီချင်း ရွေးကစားဖို့ tokens တွေကိုလည်း လွယ်လွယ်ကူကူ စုနိုင်လာတဲ့အတွက် GHTV စနစ်ကို
သဘောကျတဲ့သူ ပိုများလာတာတွေ့ရမှာပါ။

Publisher Activision အနေနဲ့ ၂၀၀၆ ကနေ ၂၀၀၈ အတွင်း ဝင်ငွေဒေါ်လာ သန်းတစ်ထောင် ရှာပေးခဲ့တဲ့ Guitar Hero III – Legends of Rock အပြီး Guitar Hero World Tour ကစလို့ Rock Band လိုမျိုးတီး ဝိုင်းပုံစံ Lead Guitar , Bass Guitar , Vocal နဲ့ Drum ဆိုပြီး Microphone , Drum Controller သစ်တွေကို ထည့်သွင်းခဲ့ပေမယ့်အခုအ သစ်ပြန်လည်ထွက်ရှိလာတဲ့ Guitar Hero Live ကတော့ Guitar gameplay ကိုသာလုံးဝအ သားပေးမှာမို့လို့ Lead Guitar သီးသန့် ထည့်ထားတယ်လို့ developer FreeStyleGames ကပြောထားပါတယ်။ အရေးအ ကြီးဆုံး ပြောင်းလဲမှုကတော့ အ ရင် Guitar Hero ဂိမ်းတွေ၊ Rock Band တို့ GuitarFreaks တို့လိုဂိမ်းတွေအားလုံးမှာ fret button သုံးခုကနေ ငါးခုအထိ ဒေါင်လိုက် ပါဝင်ခဲ့ပေမယ့် Guitar Hero Live ကတော့စုစုပေါင်း fret button ခြောက်ခုကို အတန်းသုံးတန်းမှာ အပေါ်ဘက်နဲ့ အောက်ဘက်ခွဲပြီး နှစ်ခုဆီ ထည့်ပေးထားတာကို တွေ့ရမှာပါ။ Basic နဲ့ Regular အဆင့်လောက်မှာတော့ အတန်းသုံးတန်းလောက်ပဲ ဆော့ရမှာဖြစ်ပြီး အပေါ်အောက်ရွေးစရာ မလိုလို့ လွယ်နေပေမယ့် Advanced နဲ့ Expert ပိုင်းတွေမှာ အပေါ်ဘက်အမည်းရောင် notes တွေနဲ့ အောက်ဘက်အဖြူရောင် notes တွေကိုရောပြီး ကစားရတဲ့အပိုင်းမှာတော့ သုံးခုပေါင်း combination မျိုးစုံ အသုံးပြုရ မှာပါ။

အရင်လို fret button တွေကိုအပေါ်တက်၊ အောက်ဆင်းအမြန် သွားရတာ အကျင့်ပါနေတဲ့သူတွေ တောင် မျက်စိနဲ့လက် အကျင့်
hands/eyes co-ordination ညီအောင် တော်တော်လေး လေ့ကျင့်ရမှာဖြစ်ပြီး solo ပိုင်း တွေမှာလည်း အရင်လို strum bar ကိုပုတ်စရာမလိုဘဲ fret button တွေကိုပဲနှိပ်ပြီး အမြန်ကစားရမယ့် hammer on/pull off အပိုင်းတွေလည်း ပါဝင်ထားပါတယ်။ Wired cable နဲ့ မဟုတ်ဘဲ bluetooth dongle နဲ့တွဲပြီး ကစားရတာမို့လို့ အစောပိုင်းတွေမှာ PlayStation headphone လိုမျိုး အခြား bluetooth device တွေတွဲချိတ်ထားရင် အပြင် signal interference တွေကြောင့် lag တာတွေ ၊notes တွေတစ်ချက် တစ်ချက်ထစ်တာ၊ တီးရင် မမိတာ တွေဖြစ်တတ်ပေမယ့် နောက်ပိုင်း update version တွေမှာ ပြင်ပေး သွားနိုင်တာတော့ အဆင်ပြေပါတယ်။ GHTV မှာ ဆိုရင်လည်း connection သိပ်မကောင်းလည်း ကစားရ အဆင် ပြေအောင်နောက်ခံ MTV တွေကို ပိတ်ပေးတာပဲဖြစ်စေ resolution ပိုင်း ပိုအဆင်ပြေအောင်ပဲဖြစ်စေ updates တွေ ထပ်လုပ်ပေးသွား နိုင်တာ တွေ့ရမှာပါ။

အစောပိုင်းကတည်းက ထွက်ပြီးသား အဓိက game mode နှစ်ခုဖြစ်တဲ့ GH Live နဲ့ GHTV တို့မှာ GH Live ကတော့ Guitar သမား တစ်ယောက်နေရာကနေ first person viewpoint မြင်ရတဲ့ပုံစံမျိုး လူအစစ်တွေနဲ့ background footage တွေပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ Live Action video တွေနဲ့ တွဲဖက်ကစားရမှာ ပါ။ သီချင်းသစ်တွေရဖို့ကတော့ campaign ပုံစံ offline single
player mode အရင်ကစားရမှာဖြစ်ပြီး disc အထဲမှာ စုစုပေါင်း သီချင်း ၄၂ ပုဒ်ပါဝင်ထားပါတယ်။ Imagine Dragons, Linkin Park,
Green Day, Good Charlotte တို့အပြင် Eminem နဲ့ Katy Perry တို့ရဲ့ သီချင်းတွေ ပါဝင်ထားပြီး GH Live မှာတော့ သီချင်း အသစ်တွေ မပါပေမယ့် GHTV မှာတော့ လက်ရှိအချိန်မှာ သီချင်းသစ်သုံးရာကျော်၊ လေးရာနီးပါး ရှိနေပါပြီ။ GHTV အတွက် ၂၀၁၆ နဲ့ ၂၀၁၇ သီချင်းသစ်တွေထဲမှာ 3 Doors Down , Anti-Flag, Halestorm နဲ့ Young the Giant တို့လို အဖွဲ့တွေရဲ့အသစ်ထွက်သီ ချင်းတွေအပြင် Avenged Sevenfold နဲ့ Fall Out Boy တို့ရဲ့ ဖျော်ဖြေပွဲအသစ်တွေက live concert footage တွေ ပါဝင်ထားတဲ့ premium show တွေပါ ပါဝင်ထားပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Face Melting Metal 4 Show မှာတော့ Trivium နဲ့ In Flames တို့ရဲ့ သီချင်းအ ကြမ်းစားတွေ ပါဝင်ထားပါတယ်။

Guitar Hero Live Complete Version ဟာ GHTV အတွက် updated သီချင်းသစ်တွေအများ အပြားထွက်ရှိပြီးဖြစ်သလို အစောပိုင်း ထွက်တုန်းကလောက်လည်း Guitar ဝယ်ဖို့ ဈေးအရမ်းမကြီး တော့တဲ့အတွက် အရင် Guitar Hero ဂိမ်းတွေရဲ့ ပရိသတ်တွေ ရောနောက်ပိုင်း update အသစ်တွေမှာ မကစားဖြစ်သူတွေပါ စိတ်ဝင်စားမယ့် version အသစ်ဖြစ်တာ တွေ့ရမှာပါ။

-နေအောင်လတ်