Google Translate app ကိုသုံးပြီး ဓာတ်ပုံပေါ်ကစာသားတွေကို ဘယ်လိုဘာသာပြန်မလဲ

Android ဖုန်းတွေမှာ Google Translate App ကိုသုံးပြီး ဓာတ်ပုံပေါ်ကစာသားတွေကို အလွယ်တကူဘာသာပြန်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းက မိမိအနေနဲ့ အကျွမ်းတ၀င်မရှိတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ရောက်ရှိနေတဲ့အခါမျိုးမှာ အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

သတိပေးဆိုင်းဘုတ်တွေ၊ စားသောက်ဆိုင်ကြော်ငြာဓာတ်ပုံတွေထဲက စာသားတွေရဲ့ဘာသာပြန် အဓိပ္ပာယ်တွေကို အလွယ်တကူပြန်ဆို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။အဲလိုမျိုး မိမိနဲ့အကျွမ်းလုံးဝ မ၀င်တဲ့ ဘာသာစကားရဲ့ ဘာသာပြန်အဓိပ္ပာယ်တွေကို ပြန်ဆိုနိုင်ဖို့အတွက် ဖုန်းထဲမှာ Google Translate app ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။

( Google Translate app ကို ဒီလင့်ခ် goo.gl/LQz5U8 ကနေ ရယူနိုင်မှာဖြစ်ပါတယ်။)

နောက်တစ်ခုက Google Translate app က အွန်လိုင်းအခြေပြု app ဖြစ်တဲ့အတွက် အသုံး ပြုဖို့အတွက် ဖုန်းမှာ အင်တာနက်ကွန်နက်ရှင်ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲက Google Translate app ကို ဖွင့်လိုက်ပါ။ အောက်ကပုံလိုမျိုး App က ပွင့်လာရင်တော့ မိမိအနေနဲ့ဘာသာပြန်ဆိုလိုတဲ့ Detect language ဘာသာစကားကို အရင်ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ ဥပမာ – ပြင်သစ်ဘာသာကို ရွေးထားပါတယ်။

ပြီးရင်တော့ ညာဘက်ထောင့်နားက ပြင်သစ်ဘာသာကနေ ပြန်ဆိုလိုတဲ့ဘာသာစကားကို ရွေး ချယ်ပေးရမှာဖြစ်ပါတယ်။ ပုံမှာတော့ အင်္ဂလိပ်ကိုရွေးချယ်ထားပါတယ်။

ခုဆက်ပြီး ဖုန်းမြင်ကွင်းရဲ့ ဘယ်ဘက်အောက်ထောင့်နားက ကင်မရာ icon ကို တစ်ချက်နှိပ်ပါ။

 

 

 

 

 

 

 

 

အဲလိုမျိုးဓာတ်ပုံမရိုက်ချင်ဘူးဆိုရင်တော့ လက်ရေးနဲ့ ဓာတ်ပုံထဲကစာသားကို ကိုယ်တိုင်ရေး သားပြီးလည်း ဝေါဟာရအဓိပ္ပာယ်ကို ဘာသာပြန်ဆိုနိုင်ပါသေးတယ်။ ဖုန်းမြင်ကွင်းညာဘက် အောက်

ထောင့်နားက လက်ရေး icon ကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ ဘာသာပြန်ချင်တဲ့ စာသားပါတဲ့ ဓာတ်ပုံကိုယူလိုက်ပါ။ ဓာတ်ပုံထဲက စာသားနေရာကို ကင်မရာကနဲ့ သေချာချိန်ပြီး ရိုက်လိုက်ပါ။

အဲလိုရိုက်လိုက်ရင်တော့ App ကနေ စာသားကို ဘာသာပြန်လိုက်တဲ့ ဝေါဟာရအဓိပ္ပာယ်ကို အခုလို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

မိမိဘာသာပြန်ဆိုလိုတဲ့ စာသားကို Touchscreen မှာ ရေးသားပြီး ဘာသာပြန်ဆိုမှုကို ခဏ စောင့်ပေးလိုက်ပါ။

စကားလုံးအဓိပ္ပာယ်တွေ ဘာသာပြန်ဆိုမှုအားလုံးပြီးသွားရင်တော့ အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မူရင်းစကားလုံးရဲ့အသံထွက်ကို အင်္ဂလိပ်ဘာသာအဓိပ္ပာယ်ပြန်ဆိုမှုတွေနဲ့ တကွကြည့်ရှုနိုင်မှာဖြစ်ပါတယ်။