November 19, 2017

Google Talk ကို ဖျက်သိမ်းပြီး Hangouts နဲ့အစားထိုးလိုက်တဲ့ Google

Google Talk လို့လူသိများတဲ့ Google Chat ဖျက်သိမ်းပြီး သူ့နေရာမှာ Google Hangouts နဲ့ အစားထိုးသွားမယ်လို့ Google က ထုတ်ပြန်ခဲ့ပါတယ်။

Google Talk ကို Gmail သုံးစွဲသူအချင်းချင်း chat လုပ်နိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တာပါ။ Hangouts ကိုတော့ ကြီးမားတဲ့အားနည်းချက်တွေကို ပြင်ဆင်ပြီး feature အများအပြားနဲ့ သုံးစွဲနိုင်ဖို့ ၂၀၁၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပေမယ့် Google Talk အမာခံပရိသတ်တွေကြောင့် ခရီးမပေါက်ခဲ့ပါဘူး။ Google က Google Talk ဝန်ဆောင်မှုကို ဆက်လက်အထောက်အပံ့ပေးခဲ့ပေမယ့် အခုအခါမှာတော့ သုံးစွဲသူတွေက Hangouts ကို ပြောင်းလဲသုံးစွဲရတော့မှာ ဖြစ်ပါတယ်။

Google Talk နဲ့ Hangouts တို့ရဲ့ လုပ်ဆောင်ချက်တွေက တူညီပါတယ်။ လတ်တလောမှာ Google က Hangouts မှာ SMS feature ကို ဖယ်ရှားတာမျိုးအပါအဝင် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပါတယ်။

Google Talk ကို ဖျက်သိမ်းခဲ့ပေမယ့် Google က Allo, Duo, Andriod Messages နဲ့ Voice အပါအဝင် messaging ဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Google Talk Android app နဲ့ Talk အတွက် ဖန်တီးထားတဲ့ အခြား third-party app အတွက် အထောက်အပံ့ကို ဇွန်လ ၂၆ ရက်ကစပြီး ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။

Ref: TechnoBuffalo