Google ရဲ႕ Duplex AI သ႐ုပ္ျပသမႈ အတုျဖစ္ဖြယ္ရွိ

[Zawgyi]

Google ဟာ သုံးစြဲသူကုိယ္စား ခ်ိန္းဆိုမႈျပဳလုပ္ေပးႏိုင္တဲ့ Google Assistant ကိုျပသေပးတဲ့ Duplex AI သ႐ုပ္ျပသမႈက အတုျဖစ္ဖြယ္ရွိတယ္လို႔ Aixos က ေဖာ္ျပခဲ့ပါတယ္။

သ႐ုပ္ျပသမႈအတြင္းမွာ Google အမႈေဆာင္အရာရွိခ်ဳပ္ ဆန္းဒါးပီးခ်ိဳင္းက “Google Assistant က ဆံပင္ညႇပ္ဖုိ႔ ရက္ခ်ိန္းယူဖို႔အတြက္ ဖုန္းေခၚဆိုတာကို ခင္ဗ်ားတို႔ ျမင္ေတြ႕ရပါမယ္” လို႔ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္ တစ္မိနစ္အတြင္း AI က ဆံပင္ညႇပ္ဆုိင္ကို ဖုန္းေခၚဆိုၿပီး ရက္ခ်ိန္းယူပါတယ္။ ဆံပင္ညႇပ္ဆုိင္က ဖုန္းကိုင္တဲ့ ဧည့္ႀကိဳက လူသားမဟုတ္သူနဲ႔ စကားေျပာဆိုေနတာကို သတိမထားမိပါဘူး။

ဒါေပမဲ့ အဲဒီသ႐ုပ္ျပသမႈမွာ သံသယျဖစ္စရာေကာင္းတဲ့ အခ်က္ေတြ ရွိပါတယ္။ ဧည့္ႀကိဳက ဖုန္းေျပာစဥ္မွာ လုပ္ငန္းအမည္ကို မေျပာခဲ့ပါဘူး။ ဖုန္းေခၚဆိုမႈ ေနာက္ကြယ္မွာ ဆူညံတဲ့ ေနာက္ခံအသံေတြ မပါဝင္သလို စကားေျပာေနတဲ့ ေဖာက္သည္ေတြရဲ႕ အသံလည္း မၾကားရပါဘူး။ ဧည့္ႀကိဳက ရက္ခ်ိန္းက ယူဖို႔ Assistant ကို ပထမနာမည္ပဲ ေမးပါတယ္။ ပုံမွန္အတိုင္းဆို ဖုန္းနံပါတ္လည္း ေတာင္းမွာျဖစ္ပါတယ္။

Axios အေနနဲ႔ တရားဝင္မွတ္ခ်က္ရဖို႔ Google ကိုဆက္သြယ္ခဲ့ေပမယ့္ ကုမၸဏီက ျငင္းဆုိခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: iC

=============

[Unicode]

Google ဟာ သုံးစွဲသူကိုယ်စား ချိန်းဆိုမှုပြုလုပ်ပေးနိုင်တဲ့ Google Assistant ကိုပြသပေးတဲ့ Duplex AI သရုပ်ပြသမှုက အတုဖြစ်ဖွယ်ရှိတယ်လို့ Aixos က ဖော်ပြခဲ့ပါတယ်။

သရုပ်ပြသမှုအတွင်းမှာ Google အမှုဆောင်အရာရှိချုပ် ဆန်းဒါးပီးချိုင်းက “Google Assistant က ဆံပင်ညှပ်ဖို့ ရက်ချိန်းယူဖို့အတွက် ဖုန်းခေါ်ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရပါမယ်” လို့ပြောခဲ့ပါတယ်။ အဲ့ဒီနောက် တစ်မိနစ်အတွင်း AI က ဆံပင်ညှပ်ဆိုင်ကို ဖုန်းခေါ်ဆိုပြီး ရက်ချိန်းယူပါတယ်။ ဆံပင်ညှပ်ဆိုင်က ဖုန်းကိုင်တဲ့ ဧည့်ကြိုက လူသားမဟုတ်သူနဲ့ စကားပြောဆိုနေတာကို သတိမထားမိပါဘူး။

ဒါပေမဲ့ အဲဒီသရုပ်ပြသမှုမှာ သံသယဖြစ်စရာကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဧည့်ကြိုက ဖုန်းပြောစဉ်မှာ လုပ်ငန်းအမည်ကို မပြောခဲ့ပါဘူး။ ဖုန်းခေါ်ဆိုမှု နောက်ကွယ်မှာ ဆူညံတဲ့ နောက်ခံအသံတွေ မပါဝင်သလို စကားပြောနေတဲ့ ဖောက်သည်တွေရဲ့ အသံလည်း မကြားရပါဘူး။ ဧည့်ကြိုက ရက်ချိန်းက ယူဖို့ Assistant ကို ပထမနာမည်ပဲ မေးပါတယ်။ ပုံမှန်အတိုင်းဆို ဖုန်းနံပါတ်လည်း တောင်းမှာဖြစ်ပါတယ်။

Axios အနေနဲ့ တရားဝင်မှတ်ချက်ရဖို့ Google ကိုဆက်သွယ်ခဲ့ပေမယ့် ကုမ္ပဏီက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စိုးထက်
Ref: iC