November 19, 2017

Go For YouTube (Mac)

Mac OS သုံးစွဲထားတဲ့ ကွန်ပျူတာတွေပေါ်ကနေ web browser တွေကို သုံးစွဲဖို့မလိုဘဲ YouTube က ဗီဒီယိုတွေကို ကြည့်ရှုနိုင်မယ့်ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဒါ့အပြင် YouTube က ကြော်ငြာတွေကိုပါ ပိတ်ထားနိုင်မယ့် feature ကို ထည့်သွင်းပေးထားပြီး update လည်း အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။

ဒီဆော့ဖ်ဝဲကို Mac App Store ကနေ အခမဲ့ ရယူနိုင်ပြီး ဖိုင်အရွယ်အစားက 2.5MB ခန့်သာရှိပါတယ်။ OS X version 10.9 နဲ့အထက်မှာ ထည့်သွင်း သုံးစွဲနိုင်မယ့်ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ