September 24, 2017

Gmail Android app တွင် phishing တိုက်ခိုက်မှုကိုတားဆီးပေးမည့် feature သစ် ပါဝင်လာ

သုံးစွဲသူတွေကို phishing တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးမယ့် လုံခြုံရေး feature သစ်တစ်ခုကို Google က Gmail Android app မှာ ထည့်သွင်းပေးလိုက်ပါတယ်။
ဒီ feature သစ်ဟာ သုံးစွဲသူက email မှာပါဝင်တဲ့ မသင်္ကာစရာ link တစ်ခုကို နှိပ်လိုက်တဲ့အခါ link က အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ pop-up သတိပေးစာတန်းတစ်ခု ပြသပေးမှာဖြစ်ပါတယ်။

ဒီသတိပေးချက်ဟာ click လုပ်လိုက်တဲ့ link တွေနဲ့ link တွေကခေါ်ဆောင်သွားမယ့် နေရာတွေအကြောင်းကို သုံးစွဲသူတွေက ပိုမိုသတိထားလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Google က ဆိုပါတယ်။

အဲ့ဒီ feature ကို ဖြည်းဖြည်းချင်း ဖြန့်ချိပေးသွားမှာဖြစ်ပြီး သုံးစွဲသူအားလုံး အသုံးပြုနိုင်ဖို့အတွက် ရက်အနည်းငယ်ကြာမြင့်နိုင်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။

Ref: 9to5Google