GALAXY S8 က BLUETOOTH 5.0 ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာ

Galaxy S8 နဲ့ Galaxy S8 Plus ဟာ Bluetooth 5.0 ပါဝင်လာတဲ့ ပထမဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။ Bluetooth 4.2 နေရာ ဆက်ခံမယ့် ဒီ wireless protocol သစ်ဟာ ပိုကောင်းတဲ့ အသံ၊ အမြန်နှုန်းနဲ့ အကွာအဝေးကို ထောက်ပံ့ပေးနိုင်ပါတယ်။

Bluetooth 5.0 ကို Bluetooth Special Interest Group (Bluetooth SIG) က ဒီဇင်ဘာလမှာ ပွဲထုတ်မိတ်ဆက် ပေးခဲ့တာပါ။ ဒီနည်းပညာသစ်ဟာ Bluetooth 4.2 ထက် bandwidth နှစ်ဆ၊ အကွာအဝေး လေးဆနဲ့ broadcast message capacity ရှစ်ဆ ထောက်ပံ့ပေးနိုင်ပါတယ်။

ဒီနည်းပညာသစ်ကို Galaxy S8 နဲ့ S8 Plus မှာ ထည့်သွင်းပေးခဲ့တဲ့အတွက် ကြိုးမဲ့နားကြပ်နှစ်ခု ဒါမှမဟုတ် စပီကာတွေကို တစ်ပြိုင်တည်း stream လုပ်နိုင်ပြီး သုံးစွဲသူတွေက ထွက်လာတဲ့အသံကို သီးခြားစီ ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။

Bluetooth 5.0 ကို စမတ်ဖုန်းတွေမှာသာမက စမတ်အသုံးအဆောင်တွေနဲ Internet of Things တွေမှာပါ အသုံးပြုသွားမယ်လို့ SIG က ပြောကြားထားပါတယ်။

Ref: TechnoBuffalo